149

4.5K 939 8
                                    

Unicode

“ဟွမ်ထျန်က မင်းကို ဘာလို့သတ်ချင်တာလဲ..?”

ရင်းဆုယဲ့ကတော့ ဟွမ်ပေ့ချန်ရဲ့ အဖြေကြောင့် ရွှယ်ယို့ရှန်းကမ္ဘာပျက်နေတာကို မသိခဲ့ဘူး။ သူ့ရဲ့မေးခွန်းကိုသာ ဆက်မေးလိုက်တယ်။

“ပြောရရင် ငါလည်းနားမလည်ဘူး..”

ဒီတစ်ခေါက်တော့ ဟွမ်ပေ့ချန်ရဲ့အသံက ကူကယ်ရာမဲ့နေတယ်။ ဟွမ်ထျန်ကို မဆန့်ကျင်ဖူးသလို ထိခိုက်အောင်လည်း မလုပ်ခဲ့ဖူးဘူး။ ဒါပေမဲ့ ဟွမ်ထျန်ပေါ်လာတာနဲ့ သူ,မသေမချင်း ဟွမ်ထျန်က လိုက်သတ်တော့မလို ခံစားနေခဲ့ရတယ်။ ထိုခံစားချက်ကြောင့် ဟွမ်ပေ့ချန်မှာ သူ့ကိုယ်သူတောင် နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဟွမ်ထျန်က သူ့ကို ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခဲ့တာတော့ သေချာတယ်။ မဟုတ်ရင် ဟွမ်ထျန်က သူ့အတွက် အကျိုးမရှိတဲ့ကိစ္စတွေကို ဘာလို့လုပ်ခဲ့မှာလဲ။ ဟွမ်ပေ့ချန်ခမျာ သေဆုံးခဲ့ရတာတောင် ဟွမ်ထျန်ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို နားမလည်သေးဘူး။

“အဲ့တာဆို ခုနက ရွှယ်ယို့ရှန်းကို ဘာလို့အသေသတ်ချင်တာလဲ..?”

ရင်းဆုယဲ့က မေးခွန်းပြောင်းမေးလိုက်တယ်။ ဟွမ်ပေ့ချန်က မဆင်မခြင်လှုပ်ရှားတတ်သူ မဟုတ်ပေမယ့် ဟွမ်ထျန်ကို မနိုင်မှန်းသိနေတာတောင် ရွှယ်ယို့ရှန်းကိုမြင်တာနဲ့ ချက်ချင်းတိုက်ခိုက်ခဲ့တယ်။ ထို့အပြင် ရန်သူဖြစ်တဲ့ သူ့ကိုတောင် အကူအညီတောင်းခဲ့သေးတယ်။ ဘယ်အရာကများ ဒီလောက်လုပ်ဆောင်ဖို့အထိ ထိုက်တန်နေတာလဲ..?

“ပထမတစ်ချက်က အရင်ဘဝကသွေးကြွေးအတွက် လက်စားချေချင်လို့..!”

ဟွမ်ပေ့ချန်က သူ့ရဲ့ရည်ရွယ်ချက်ကို ဖုံးကွယ်မထားခဲ့ဘူး။ လက်ဟန်ခြေဟန်နဲ့ အသာအယာ ရှင်းပြလာတယ်။

“ဒုတိယတစ်ချက်.. ငါ့ဘက်က လက်ဦးမှုမယူလည်း ဟွမ်ထျန်က ငါ့ကိုအလွတ်ပေးမှာမဟုတ်ဘူး..!”

အရင်ဘဝတုန်းက သူဘာမှမလုပ်ခဲ့တာတောင် ဟွမ်ထျန်ရဲ့လက်ချက်နဲ့ ဘုမသိဘမသိ သေခဲ့ရတယ်လေ။ ဒီဘဝမှာလည်း ဟွမ်ထျန်က အရင်ကအတိုင်း လုပ်လာလိမ့်မယ်။ အဲ့တော့ ထိုင်စောင့်နေလို့ ဘာအကျိုးရှိမှာလဲ။ သူ့ဘက်ကပဲ အရင်စတင်ရလိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now