40

9.9K 1.9K 21
                                    

Unicode

“အားနည်းလိုက်တာ..!”

ရင်းဆုယဲ့ရဲ့ အရောင်ကွဲမျက်ဝန်းအစုံက ခြုံပုတ်ထဲမှာ ပုန်းအောင်းနေတဲ့ သားရဲလေးကို မတူမတန်သလိုမျိုး ဖိအားအရှိန်အဝါနဲ့ စိုက်ကြည့်လိုက်တယ်။

ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသလိုမျိုး အထင်အမြင်သေးတဲ့ အကြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။

အဖြူရောင်သားရဲလေးလည်း ရောက်လာတဲ့ ပုဂ္ဂိုလ်က ရင်ဆိုင်ရခက်တယ်ဆိုတာကို ချက်ချင်း သတိပြုမိသွားပြီး ခုန်ထွက်ကာ အမြန်ဆုံး ထွက်ပြေးနိုင်ဖို့ ကြိုးစားတော့တယ်။ ဒီတစ်ခေါက်တော့ သူ့ခမျာ တကယ့်ကို ထွက်ပြေးနိုင်ဖို့ ကြိုးစားခဲ့ရှာတာ။ ဒါပေမဲ့ သူ ဘယ်လောက်မြန်မြန် ဖမ်းဖို့စောင့်နေတဲ့ ရင်းဆုယဲ့ထက် ပိုမမြန်ခဲ့ပါဘူး။

ပထမတစ်ကြိမ် သားရဲကောင်ရဲ့ လျင်မြန်မှုကို တွေ့ကြုံခံစားပြီးတာကြောင့် ရင်းဆုယဲ့က ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ သားရဲလေး ထွက်ပြေးချင်နေတာကို မြင်လိုက်တော့ လေဟာပြင်ကို လက်ဝါးနဲ့ အသာရိုက်လိုက်တယ်။ ခုန်ထွက်လာခဲ့တဲ့ သားရဲလေးလည်း ရင်းဆုယဲ့ရဲ့ လက်ဝါးနဲ့ တစ်ခါတည်းမိတ်ဆက်သွားပြီး မြေပြင်ပေါ်ကို အရုပ်ကျိုးပြတ် ပြုတ်ကျသွားတော့တယ်။

‘ဘုန်း’ခနဲ မြည်သံအကျယ်ကြီး ကြားလိုက်ရုံနဲ့တင် ရွှယ်ယို့ရှန်းတစ်ယောက် ပြေးကြည့်စရာမလိုအောင် ဘာတွေဖြစ်ပျက်နေမှန်း နားလည်သွားခဲ့ပြီ။ ရိုက်ချက်က ပေါ့ပေါ့ပါးပါးမဟုတ်တာ ကျိန်းသေနေသလောက်ပဲ။ သားရဲကောင်တော့ မြေကြီးထဲ ကျွံဝင်သွားလောက်ပြီ.. အယ်..

အနားမှာရပ်ကြည့်နေခဲ့တဲ့ ရွှယ်ယို့ရှန်းခမျာ စကားမပြောနိုင်အောင် ကြောင်အ,သွားခဲ့တယ်။

ရင်းဆုယဲ့က ဘယ်အချိန်ကစပြီး ဒီလောက်အကြင်နာတရား ကင်းမဲ့သွားရတာလဲ..? ဒါပေမဲ့ သူကရော ဒီလိုပုံစံနဲ့ ရင်းဆုယဲ့က အရမ်းခန့်ညားတာပဲလို့ ဘာလို့တွေးနေမိတာလဲ..?

“ဒီလိုနဲ့ ဖြေရှင်းပြီးသွားရောလား..?” ရွှယ်ယို့ရှန်းက သူ့စိတ်ထဲ တွေးနေတာကို ထုတ်ပြောလိုက်မိတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now