97

7K 1.4K 70
                                    

Unicode

“တော်ဝင်မြို့တော်မှာ ပြဿနာရှာတဲ့လူတိုင်း သေရမယ်..!”

လူအိုကြီးက အကာအကွယ်စည်းကို ဖြတ်လျှောက်လာရင်း မြင့်မြတ်သောဘုရင်တစ်ပါးရဲ့ အရှိန်အဝါကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်တယ်။ ပတ်ဝန်းကျင်လေထုက သိပ်သည်းလာခဲ့ပြီး လူအိုကြီးရဲ့ပုံရိပ်က ပုံမှန်ထက် ပိုမိုကြီးမြတ်လာသလို လူတိုင်းရဲ့ စိတ်အာရုံမှာ အကြောက်တရားတွေနဲ့ ပြည့်နှက်လာစေခဲ့တယ်။

“..........”

ဟိတ်ဟန်များလွန်းနေတဲ့ ရူးကြောင်ကြောင် လူအိုကြီးကိုကြည့်ရင်း ရွှယ်ယို့ရှန်းက သူနဲ့ရင်းဆုယဲ့အပေါ် လုံးဝသက်ရောက်မှုမရှိကြောင်း ပြောပစ်လိုက်ချင်တယ်။

ကျင့်ကြံခြင်းအဆင့်တူဆိုရင် ဖိအားအရှိန်အဝါက သက်ရောက်မှုမရှိဘူး။ ရင်းဆုယဲ့ရဲ့ စိတ်ဝိဉာဉ်က မြင့်မြတ်သောဘုရင်အဆင့်နဲ့ ပြန်လည်မွေးဖွားလာခဲ့တာဆိုတော့ လူသားဘုရင်ရဲ့ဖိအားက ရင်းဆုအပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူး။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း ဖိအားမှန်သမျှကို ခံနိုင်ရည်ရှိပုံရတယ်။ အဲ့လိုဆိုတော့ သူ့အပေါ်မှာလည်း သက်ရောက်မှုရှိမှာမဟုတ်ဘူး။

အဲ့တော့ ဒီလူအိုကြီးက လူမှားပြီးပဲများမိတာပဲ..!

“သေချင်နေတယ်..!”

လူငယ်နှစ်ယောက်က သူ့ရဲ့ဖိအားအောက် အနည်းငယ်မျှ အမူအယာမပျက်တဲ့အပြင် မာနထောင်လွှားစွာ ပြန်လည်စိုက်ကြည့်နေတာကြောင့် လူအိုကြီးရဲ့မျက်နှာက ရုတ်ချည်းဆိုသလို မည်းမှောင်သွားခဲ့တယ်။ ရင်းဆုယဲ့တို့နှစ်ယောက်က ရတနာပစ္စည်းတစ်ခုခုကို ဆောင်ထားတာကြောင့် သူ့ရဲ့ဖိအားဒဏ်ကို ပြန်လည်ခုခံနိုင်တာလို့ လူအိုကြီးက တွေးထင်သွားခဲ့တယ်။

'သိပ်မကြာခင် ဘုရင်တစ်ပါးကို ရန်စတဲ့ပြစ်မှုက ဘယ်လောက်ကြီးမားတယ်ဆိုတာ သိအောင်ပြပေးမယ်..!'

ထိုသို့တွေးမိလိုက်တာနဲ့ လူအိုကြီးက သူ့ရဲ့အရှိန်အဝါကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး စွမ်းအားတွေကို စတင်စုစည်းကာ လူငယ်လေးနှစ်ယောက်ကို တိုက်ခိုက်ရန်ပြင်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now