61.1

8.6K 1.7K 187
                                    

Unicode

ရွှယ်ယို့ရှန်းရဲ့ အကျင့်က ‘အရင်လုပ်၊ နောက်မှတွေး’ ဆိုတဲ့အတိုင်းပဲ။ အထူးသဖြင့် တခြားလူတွေကို ပြဿနာရှာဖို့ ကြိုးစားနေတဲ့ အချိန်မှာပေါ့။ အကြံအစည်ထုတ်ပြီးသား ရွှယ်ယို့ရှန်းက နောက်လှည့်လိုက်ပြီး ရင်းဆုယဲ့ကို အချိုသာဆုံး ပြုံးပြလိုက်တယ်။ ဖြူစင်တောက်ပတဲ့ အပြုံးလေးက လူတိုင်းရဲ့ မျက်လုံးတွေကို ကျိန်းစပ်သွားစေလောက်တယ်။

“ရင်း..” ဆုယဲ့..

ရွှယ်ယို့ရှန်းက စကားစလိုက်ပြီးမှ ရုတ်ချည်း ရပ်တန့်သွားပြန်တယ်။ နည်းလမ်းတစ်ခုတည်းကို ထပ်တလဲလဲ သုံးနေတာ မကောင်းဘူး။ ဟော်ရူယန်ကို တိုက်ခိုက်ဖို့ ရင်းဆုယဲ့ကို အသုံးချမယ်လို့ ဆုံးဖြတ်ထားပြီးမှတော့ တချို့ကိစ္စတွေကို အရင်ရှင်းထားရမယ်။

ရင်းဆုယဲ့က အရင်လို ‘မင်းအတွက်ဆိုရင် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို လက်ပစ်ကူးမယ်’ ဆိုတဲ့လူ မဟုတ်တော့ဘူးဆိုတာ ဟော်ရူယန် နားလည်သွားအောင် လုပ်ရမယ်။ လက်ရှိရင်းဆုယဲ့က လုံးဝ သူ့အပိုင်ပဲ။

ပိုင်ဆိုင်ထားပြီးသား အရာတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရတာက ရန်သူကို ပိုပြီးအထိနာစေတဲ့ နည်းလမ်း မဟုတ်လား..?

အဲ့တော့ ရင်းဆုယဲ့ကို နာမည်အပြည့်အစုံခေါ်တာ သိပ်ပြီးမသင့်တော်ဘူး။ နာမည်ပြောင်းခေါ်မှ ဖြစ်မယ်။ တစ်ခဏ တွေးတောပြီးနောက် ရွှယ်ယို့ရှန်းက ဟော်ရူယန်လိုခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုဆို တစ်ဖက်လူကို ပိုပြီး ဒေါသထွက်စေလိမ့်မယ်.. ဟုတ်တယ်ဟုတ်..?!

“ကိုကိုဆုယဲ့..!”

ရွှယ်ယို့ရှန်းက သူ့စိတ်ကို အသင့်ပြင်လိုက်ပြီး သူကိုယ်တိုင်တောင် အော့အန်ချင်စိတ်ပေါက်ခဲ့ရတဲ့ ဟော်ရူယန်ရဲ့ လေသံအတိုင်း ရင်းဆုယဲ့ကို ခေါ်လိုက်တယ်။ ဒါပေမဲ့ စိတ်ပြင်ဆင်ထားတဲ့တိုင်အောင် သူ့အသံသူပြန်ကြားပြီး တစ်ခဏ တောင့်ခဲသွားရတယ်။ သူ့အသံက အရမ်းချိုသာပြီး အသံအဆွဲအငင်က အလိုလိုက်ခံထားရတဲ့ ကလေးလေးလိုပဲ။ အဲ့လောက်ထိ မမျှော်လင့်ထားခဲ့ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now