51

9.5K 1.7K 57
                                    

Unicode

“ဘယ်မှာလဲ..?”

တစ်ခုခုဖြစ်ပြီဆိုတဲ့ အသံကြားလိုက်တာနဲ့ ရွှယ်ယို့ရှန်းကတော့ ထမင်းထိုင်စားနေဖို့ စိတ်ကူးမရှိတော့ဘူး။ ချက်ချင်း ထရပ်လိုက်ပြီး သူတို့သီးသန့်ခန်းရဲ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ ထို့နောက် အပြင်ထွက်သွားပြီး အောက်ထပ်မှာ ဘာတွေဖြစ်ပျက်နေသလဲလို့ အပေါ်စီးကနေ လှမ်းကြည့်လိုက်တယ်။ ပြဿနာက သူတို့နဲ့ မသက်ဆိုင်ပေမယ့် သူက ဒီလိုအုတ်အော်သောင်းတင်း ဖြစ်ရပ်တွေ ကြည့်ရတာကို ကြိုက်တယ်လေ။

“ဒီဘက်မှာ..”

ရင်းဆုယဲ့လည်း အနောက်ကနေ လိုက်ပါလာခဲ့တယ်။ ရွှယ်ယို့ရှန်း နေရာမှားကြည့်နေမှန်း တွေ့လိုက်ရတော့ သူက လက်မြှောက်လိုက်ပြီး ကောင်လေးရဲ့ခေါင်းကို နေရာမှန်မြင်ရအောင် ညင်သာစွာ လှည့်ပေးလိုက်တယ်။

ရင်းဆုယဲ့ရဲ့အကြည့်က အရမ်းကို တည်ငြိမ်လွန်းနေခဲ့တယ်။ တည်ငြိမ်လွန်းလို့ ဘာဆိုဘာမှ သတိမပြုမိသလိုပါပဲ။ ဒါပေမဲ့ ရွှယ်ယို့ရှန်းရဲ့ခေါင်းကို နေရာမှန်အောင် လှည့်ပေးပြီးနောက် သူ့ရဲ့မျက်နှာက ရုတ်ချည်း မည်းမှောင်သွားခဲ့ပြီး အောက်ချထားတဲ့ လက်တစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင် လက်သီးဆုပ်လိုက်မိတယ်။

မိတ်ဆွေဟောင်းနဲ့ ဒီနေရာမှာ ပြန်တွေ့ရလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ သူ အရမ်းမုန်းတီးရတဲ့ မိတ်ဆွေဟောင်းကိုပေါ့။

ရင်းဆုယဲ့က သူ့နံဘေးကို လှည့်ကြည့်လိုက်တယ်။ ကောင်လေးက တက်တက်ကြွကြွနဲ့ ရန်ပွဲကြည့်နေတာကို မြင်လိုက်ရတော့ သူ့ရဲ့ စိတ်အခြေအနေက အနည်းငယ် ပြန်တည်ငြိမ်လာခဲ့တယ်။ နှလုံးသားရဲ့ အောက်ခြေကနေ သူ့ကိုယ်သူ ပြန်သတိပေးနေမိရင်းပေါ့။

အခု အချိန်မတန်သေးဘူး။ သည်းခံ.. သည်းခံ

ဘာလို့လဲဆိုတော့ သူ့ဘေးနားက ကောင်လေးကို ခြောက်လှန့်မောင်းထုတ်မိသလို ဖြစ်သွားမှာစိုးလို့ပဲ။ သူ့ကို ကြောက်သွားမှာမျိုး မဖြစ်စေချင်ဘူး။

“အို့..”

ငတုံးလေး ရွှယ်ယို့ရှန်းကတော့ ရင်းဆုယဲ့ရဲ့ စိတ်အခြေအနေကို နည်းနည်းလေးတောင် သတိမပြုမိခဲ့ပါဘူး။ အောက်က ရန်ပွဲကိုပဲ တစ်ချိန်လုံး အာရုံစိုက်ထားခဲ့တယ်။ ရန်ဖြစ်နေတဲ့ နေရာနဲ့ နည်းနည်း အလှမ်းဝေးနေတော့ လက်နက်အသီးသီး ကိုင်ဆောင်ထားတဲ့ ရုပ်ကြမ်းကြမ်းအမျိုးသားတွေနဲ့ အနီရောင်ဝတ် သွယ်လျလှပတဲ့ မိန်းမငယ်လေးဆိုတာကိုပဲ လှမ်းမြင်နိုင်ခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now