133

5.5K 1.1K 50
                                    

Unicode

“ပြောကြည့်.. ရင်းဆုယဲ့ကို ကြင်ယာတော်ရွေးပွဲ အခုချက်ချင်း ဖျက်သိမ်းပစ်လိုက်ဖို့ ပြောလိုက်မယ်ဆိုရင်ရော..? လွန်များသွားမလား..?”

ရွှယ်ယို့ရှန်းက အမှုမထားသလို မေးလိုက်တယ်။ ပေါ့ပေါ့ပါးပါး ပြောနေပေမယ့် ဘာမဟုတ်တဲ့ စကားတစ်ခွန်းကို ပြောနေသလိုပါပဲ။ ဒါပေမဲ့ သူ့ရဲ့အကြည့်က ထက်ရှတယ်။ လူအများကို ဖိအားအရှိန်အဝါပြင်းပြင်း ခံစားရစေတယ်။

“မင်းလုပ်ရဲလား..?!”

ရွှယ်ယို့ရှန်းရဲ့စကားကို ဘယ်သူမှ ဟာသတစ်ခုလို မယူဆရဲကြဘူး။ သူ့လေသံထဲက ပြင်းပြတဲ့လေးနက်မှုကို ခံစားနေရတာကြောင့် လူတိုင်း ဒေါသထွက်ကုန်ကြတယ်။ ကြင်ယာတော်ရွေးပွဲ ကျင်းပနိုင်ဖို့ရာအတွက် သူတို့အားလုံး လူအင်အား၊ ငွေအင်အားများစွာ စိုက်ထုတ်ထားကြရတယ်။ အကျိုးအမြတ်တွေ ရိတ်သိမ်းတော့မယ့်အချိန်ရောက်မှ နှောင့်ယှက်ဖျက်ဆီးခံရမှာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ..?!

“ဘာလို့ မလုပ်ရဲရမှာလဲ..?”

ရွှယ်ယို့ရှန်းက မေးချီပြီး မော်ကြွားရိုင်းစိုင်းစွာ ပြောလိုက်တယ်။

“ကြင်ယာတော်ရွေးပွဲ ကျင်းပဖို့အတွက် ရင်းဆုယဲ့ကို ကျုပ်ခွင့်ပြုပေးထားတာ.. ဖျက်သိမ်းလိုက်ဖို့ မပြောရဲစရာ အကြောင်းရှိပါ့မလား..?!”

ဒီလူတွေ.. တံခါးကြား ခေါင်းညပ်ဖူးတာလား (ဦးခေါင်းထိခိုက်ထားတာလား) လို့တောင် သံသယဝင်လာမိပြီ..! မဟုတ်ရင် သူက သဘောရိုးနဲ့ ကြင်ယာတော်ရွေးပွဲကို ခွင့်ပြုပေးလိုက်တာလို့ ဘာလို့ထင်နေကြမှာလဲ..? သူ့ပုံစံက ရင်းဆုယဲ့အတွက်ဆို အရာအားလုံး မြိုသိပ်ပေးဆပ်နိုင်တဲ့လူလို့ ထင်ရလို့လား..?

သူလည်း တဖြည်းဖြည်းနဲ့ လူဆိုးကြီးပုံစံ ဖြစ်လာရပြီ။ လူသားတွေက သူတို့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေ၊ အမှန်တရားလို့ ထင်ရတဲ့ ကန့်သတ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားကြပြီး အမြင်မရှိကြတော့ဘူး။ အဲ့တာကြောင့်ပဲ ဒီလောက်ထိ တုံးအ,နေကြတာပေါ့..! မူလဇာတ်လိုက် ဟွမ်ပေ့ချန်က လူသားမျိုးနွယ်ကို အလွယ်တကူ ချုပ်ကိုင်နိုင်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး။ သူတို့တွေက အရမ်းအားနည်းလွန်းတာကိုး..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now