105

6.9K 1.4K 53
                                    

Unicode

“၄၈ ရက်..”

မြေခွေးက စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်တယ်။

“……….”

အခုတော့ ရွှယ်ယို့ရှန်းလည်း ၄၈ ရက် အိပ်ပျော်နေခဲ့တဲ့ကိစ္စကို သူ့ကိုယ်သူ ပြန်လှည့်စားလို့မရတော့ဘူး။ ထိုအကြောင်း ပြန်တွေးမိတော့ သူ့ရဲ့အမြင့်ဆုံးစံချိန်ဖြစ်တဲ့ နာရီ ၂၀ ကြာ အိပ်ပျော်ခဲ့ဖူးတာကို ပြန်သတိရသွားတယ်။

ထိုအချိန်မှာတော့ ရွှယ်ယို့ရှန်းလည်း သူ့ကိုယ်သူ ၄၈ ရက် အိပ်ပျော်နေခဲ့တဲ့အချက်ကို လှည့်စားလို့ မရနိုင်တော့ဘူး။ ထိုအကြောင်းကို တွေးမိသည်နှင့် သူ့ရဲ့အမြင့်ဆုံးစံချိန်ဖြစ်သည့်  နာရီ ၂၀ ကြာ အိပ်ပျော်ခဲ့ဖူးသည်ကို ပြန်သတိရမိသည်။

၄၈ နာရီကြာ အိပ်စက်ခဲ့တာနဲ့ ယှဉ်ကြည့်လိုက်ရင် သူ့ရဲ့အဖြစ်က လူသားဘဝကနေ နတ်ဘုရားအဖြစ် အဆင့်တက်သွားသလိုပဲ။ အိပ်စက်ခြင်းနတ်ဘုရားအဆင့်ပေါ့..!

အခုချိန်မှာ ‘အဆိုးထဲက အကောင်းပါပဲ’ဆိုပြီး ပြောသင့်လား..? ဘာလုပ်လုပ် အစီအစဉ်တကျလုပ်တတ်တဲ့ ရင်းဆုယဲ့ကို  ‘ရင်းဆုယဲ့ကတော့ ရင်းဆုယဲ့ပါပဲ’ဆိုပြီး သက်ပြင်းချသင့်လား..?

သူ့ကို သတိလစ်အောင် လုပ်သွားတာတောင် အချိန်တွေကို တိတိကျကျ တွက်ချက်ထားသေးရဲ့..! သူနိုးလာတဲ့အချိန် ဖြစ်သင့်တာတွေက အကုန်ဖြစ်ပျက်ပြီးသွားပြီ။ တားဆီးချင်ရင်တောင် အရမ်းနောက်ကျနေခဲ့ပြီ..! တွေ့လို့ကတော့ ကောင်းကောင်းဆုံးမဦးမှပဲ။

သူ့ကို သတိလစ်အောင်လုပ်ပြီးမှတော့ နောက်တစ်ရက်စာ ပိုပြီးအိပ်ပျော်သွားအောင် ဘာလို့ဆေးမခပ်ရတာလဲ..? ၄၉ ရက် အိပ်ခိုင်းလိုက်တော့ ဘာဖြစ်မှာမလို့လဲ..? ‘ကံကြမ္မာကူးပြောင်းခြင်း’ ပြီးတော့မှ နိုးလာရင် ပိုမကောင်းဘူးလား..? တွေးကြည့်လေ စိတ်တိုလေပဲ..ဟမ့်..!

“ရင်းဆုယဲ့ဆီကို ခေါ်သွားပေး..”

ဘာမှမပြောဘဲ တံခါးကိုပိတ်ဆို့ထားတဲ့ မြေခွေးကို ရွှယ်ယို့ရှန်းက အမိန့်ပေးလိုက်တယ်။

အခုချိန်မှာ ဒေါသပေါက်ကွဲဖို့ နေရာမရှိတော့ သဘာဝကျစွာပဲ သူ့ကိုဒေါသထွက်စေတဲ့ တရားခံဆီကို သွားရတော့မှာပေါ့..! လုပ်ချင်ရာလျှောက်လုပ်နေတဲ့ ရင်းဆုယဲ့ကို မကျေနပ်ဘူးဆိုပေမယ့် သူ့ရဲ့နှလုံးသားထဲမှတော့ ရင်းဆုယဲ့အတွက် စိတ်ပူနေတုန်းပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now