126

6.6K 1.2K 10
                                    

Unicode

ရင်းဆုယဲ့ကို အမှားဝန်ခံလာအောင် လုပ်မယ့်အစီအစဉ်က ကျရှုံးသွားပြီဖြစ်ကြောင်း ရွှယ်ယို့ရှန်း သဘောပေါက်လိုက်တယ်။

မဟုတ်သေးဘူး။ အရှုံးကြီးရှုံးသွားတာ..! ရင်းဆုယဲ့ဆီက တောင်းပန်စကား မကြားရတဲ့အပြင် ဘယ်လိုဖြစ်လို့ သူ့ကိုယ်သူပါ ရောင်းစားလိုက်မိတာလဲ..? စိတ်ပျက်ဖို့ကောင်းလိုက်တာ..!

အဆုံးမှာတော့ ရွှယ်ယို့ရှန်းလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တယ်။

ဒီလိုဖြစ်ရတာ သူ,မကြိုးစားလို့ မဟုတ်ဘူး၊ ရန်သူကိုက အရမ်းပါးနပ်လွန်းနေတာ။ အဲ့တာကြောင့် ရန်ဖြစ်တိုင်း အလျော့ပေးရတဲ့အပြင် သူ့အတွက် အကျိုးမရှိတဲ့ ဆုံးဖြတ်ချက်တွေပါ ချလိုက်မိသေးရဲ့..!

လွေ့ရွယ်ကို အတုခိုးပြီး ကောင်းကင်ပေါ်ကို 45 ဒီဂရီ ခေါင်းမော့ကြည့်သင့်ပြီလား..?

ထားလိုက်တော့.. သူ့လို မြင့်မြတ်တဲ့ လူတစ်ယောက်က အူတူတူလေး လွေ့ရွယ်ဆီကနေ ဘာလို့သင်ယူရမှာလဲ..? ရှိုးပဲ့တယ်..!

ပြီးတော့ လွေ့ရွယ်ကလည်း မိုချီနဲ့ အချိန်ကုန်နေတာကြောင့် သူ့သခင်ကို အာရုံစိုက်ဖို့ အချိန်မရှိသေးဘူး။ ဝိဉာဉ်သားရဲနှစ်ကောင် နေရာလုလိုက်၊ ကစားလိုက်နဲ့ပေါ့။

ရွှယ်ယို့ရှန်းခမျာလည်း လွေ့ရွယ်ကို မကူညီနိုင်ခဲ့ပေ။ သူ့ပြဿနာကိုတောင် မဖြေရှင်းနိုင်သေးဘူးလေ၊ လွေ့ရွယ်နဲ့မိုချီတို့ကိစ္စကို ဘယ်လိုလုပ် ဖြေရှင်းပေးနိုင်မှာလဲ..?

ဒီရက်ပိုင်းအတွင်း ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို အမျိုးမျိုး ချုပ်ချယ်ထားပေမယ့် ကောင်းကောင်းမနေရဘူးဆိုတဲ့ အဓိပ္ပါယ်တော့မဟုတ်ဘူး။  သက်သောင့်သက်သာ နေရလွန်းလို့ ကမ္ဘာပေါ်မှာ ရွှယ်ယို့ရှန်းလောက် ဇိမ်ခံနိုင်တဲ့လူ ရှိမှာမဟုတ်တော့ဘူး..!

ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေနေတာက စိတ်ပင်ပန်းစရာမရှိဘူးဆိုတဲ့ အဓိပ္ပါယ်မှမဟုတ်တာ၊ အထူးသဖြင့် ရင်းဆုယဲ့ဆီမှာ ရှုံးနိမ့်ခဲ့ရတာမျိုးပေါ့။

တကယ်တော့ ရင်းဆုယဲ့ရဲ့ အလိုလိုက်ဂရုစိုက်မှုတွေအောက် ရွှယ်ယို့ရှန်းရဲ့ဘဝက တော်တော်လေး သာယာနေခဲ့တယ်။ နေ့တိုင်း စားရေးသောက်ရေးကအစ စိတ်ပူပန်စရာ လုံးဝမရှိဘူး။ သို့နှင့် ရွှယ်ယို့ရှန်းတစ်ယောက် ပျင်းရိလာခဲ့ပြီး‌ ရောက်တတ်ရာရာ အတွေးရွက်လွှင့်နေတော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now