146

5.1K 1K 11
                                    

Unicode

"ငါတွေ့ဖူးတဲ့ ဟွမ်ထျန်က မင်းရဲ့လက်ရှိပုံစံနဲ့ နည်းနည်းတော့ကွာတယ်.."

ဟွမ်ပေ့ချန်က တစ်ခဏတွေးပြီးနောက် ဟွမ်ထျန်ရဲ့ ပုံပန်းသွင်ပြင်ကို ပြောပြလာတယ်။

"ဟမ်..?"

ဟွမ်ထျန်နဲ့ သူ့ရဲ့အသွင်အပြင်ကို နှိုင်းယှဉ်ပြောလာတော့ ရွှယ်ယို့ရှန်းလည်း အနည်းငယ် စိတ်ဝင်စားသွားတယ်။ ဘာပဲပြောပြော ဟွမ်ထျန်ဆိုတာ လက်ရှိအခြေအနေမှာတော့ သူပဲလေ။

"ဟွမ်ထျန်က မင်းထက် ပိုရင့်ကျက်ပြီး ပြိုင်ဘက်ကင်းအောင် ချောတယ်.."

ဟွမ်ပေ့ချန်က ဟွမ်ထျန်ရဲ့ရုပ်သွင်ကို ဖော်ညွှန်းနိုင်ဖို့အတွက် ပိုသင့်လျော်တဲ့ စကားလုံးတွေကို တွေးကြည့်လိုက်တယ်။ 'ဆွဲညှို့ဖမ်းစားနိုင်တယ်' ဆိုတဲ့ စကားလုံးကို သုံးချင်ခဲ့သော်လည်း ဟွမ်ထျန်ရဲ့ခန္ဓာကိုယ်ထဲမှာ ရွှယ်ယို့ရှန်းဆိုတဲ့လူ ရှိနေတာကို သတိရလိုက်တော့ 'ရင့်ကျက်တယ်' 'ချောမောတယ်' ဆိုပြီး ပြောင်းသုံးလိုက်ရတယ်။

"ကျုပ်မျက်နှာက ဟွမ်ထျန်အစစ်ကို မမှီသေးဘူးလို့ ပြောချင်တာလား..?"

ရွှယ်ယို့ရှန်းက သိပ်မယုံသလို သူ့ရဲ့မျက်နှာကို ပွတ်သပ်လိုက်တယ်။

သူ့ရဲ့လက်ရှိသွင်ပြင်ကတောင် အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းနေပြီ။ ဟွမ်ထျန်အစစ်ဆိုရင် ဘယ်လောက်တောင် ချောမောလိုက်မလဲ..?"

"အဲ့လိုပေါ့.."

ဟွမ်ပေ့ထျန်က ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် ရွှယ်ယို့ရှန်းနဲ့ ဟွမ်ထျန်ရဲ့ ကွာခြားချက်ကို ဆက်ပြောပြလာတယ်။

"ရုပ်ရည်အပြင် စွမ်းအင်အဆင့်လည်း ကွာခြားတယ်.."

ဟွမ်ပေ့ချန်က ကြီးမြတ်သောဘုရင်အဆင့် ဖြစ်တာကြောင့် ရွှယ်ယို့ရှန်းရဲ့ လက်ရှိကျင့်ကြံဆင့်ကို အလွယ်တကူ မြင်နိုင်တယ်။ ဟွမ်ထျန်နဲ့ယှဉ်ရင် ရွှယ်ယို့ရှန်းရဲ့စွမ်းအင်က အတော်လေး အဆင့်နိမ့်တယ်။ ဒါပေမဲ့ တစ်ဖက်လူအတွက် စဉ်းစားပြီး စွမ်းအင်ကွာခြားချက်ကို အသေးစိတ် ထုတ်မပြောခဲ့ဘူး။ ဟွမ်ပေ့ချန်ရဲ့ ဇာတ်ကောင်သဘာဝအရ သူတစ်ပါးကို မထိခိုက်စေချင်တာကြောင့်ပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now