143

4.7K 994 17
                                    

Unicode

ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်တို့ တိုက်ပွဲမစခင်ကတည်းက ရွှယ်ယို့ရှန်းက ဘေးလွတ်ရာ အခန်းထောင့်တစ်ခုကို အသာလေး နောက်ဆုတ်သွားလိုက်တယ်။ ပြီးနောက် ရင်းဆုယဲ့ကို တိတ်တဆိတ် အားပေးနေခဲ့တယ်။ ဟုတ်တယ်၊ ဒီအတိုင်း ရပ်ကြည့်နေတာမဟုတ်ဘဲ ရင်းဆုယဲ့ဘက်က အားပေးနေတာ။

သေရေးရှင်ရေး အခြေအနေမျိုးမှာ ဟွမ်ပေ့ချန်က ပြန်မွေးဖွားလာတယ်။ ရုတ်ချည်း ကြီးမြတ်သောဘုရင်အဆင့်အထိ အဆင့်တက်သွားပြီး ရင်းဆုယဲ့နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့တယ်။ ထိုအတွက် ရွှယ်ယို့ရှန်းမှာ ခန့်မှန်းချက်တချို့ ရှိနေတယ်။

နှစ်ပေါင်းများစွာ စာရေးခဲ့ဖတ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်>> ဝတ္ထုရဲ့ ဇာတ်ကြောင်းအရ ရင်းဆုယဲ့ရဲ့ ပြန်လည်မွေးဖွားမှုက လောကကြီးရဲ့မျှခြေကို ဖျက်ဆီးလိုက်ပုံရတယ်။။ ၁၀ နှစ်တာ တိုးတက်မှုကွာခြားချက်က ဒီကမ္ဘာကြီးရဲ့သားတော် ဟွမ်ပေ့ချန်ကို ရင်းဆုယဲ့နဲ့ ရင်ဆိုင်ရတဲ့အချိန် အရေးနိမ့်စေခဲ့တယ်။ ထိုမျှမက အသက်ဆုံးလုနီးပါး ဆိုးရွားတဲ့အခြေအနေမျိုးအထိ ဖြစ်စေခဲ့တယ်။

ဇာတ်လိုက်ဆိုတာ ဇာတ်ကြောင်းတစ်ခုရဲ့ ကမ္ဘာလောကကြီးကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနိုင်တယ်။ စာရေးဆရာဖြစ်တဲ့ သူတောင် ဟွမ်ပေ့ချန် ရုတ်တရက်သေသွားရင် ဒီကမ္ဘာကြီး ဘယ်လိုဖြစ်သွားမလဲဆိုတာ မခန့်မှန်းနိုင်ခဲ့ဘူး။

ဇာတ်လိုက်ရြ့သေခြင်းက ကမ္ဘာလောကကြီးကို ပျက်ဆီးသွားစေနိုင်လား..?

ဖြစ်နိုင်တယ်။ အဲလိုဖြစ်လာရင် အပြိုင်ကမ္ဘာရဲ့ စည်းမျဉ်းတွေအားလုံး အန္တရာယ်ကျသွားနိုင်တယ်။ ထို့ကြောင့် ဟွမ်ပေ့ချန်ရဲ့ အသက်ကို ကာကွယ်နိုင်ဖို့အတွက် လောကရဲ့စည်းမျဉ်းတွေက ဟွမ်ပေ့ချန်ကို ပြန်လည်ရှင်သန်ခွင့်ပေးလိုက်တာပဲ။ ပြီးတော့ ရင်းဆုယဲ့နဲ့ စွမ်းအင်ကွာခြားချက်ကိုပါ တန်းတူဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ ဟွမ်ပေ့ချန်က ရင်းဆုယဲ့ကို ယှဉ်ပြိုင်လာနိုင်ခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now