68

8.6K 1.6K 120
                                    

Unicode

“ကိုယ့်ကို တစ်ခုခုပြောချင်တာရှိလား..?”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကိုထမ်းပြီး အကွာအကွယ်စည်းချထားတဲ့ အရင်တည်းခိုဆောင်ကို ပြန်လာလိုက်တယ်။ ထို့နောက် ရွှယ်ယို့ရှန်းကို ပွင့်ပွင့်လင်းလင်း မေးလိုက်တယ်။

“………….”

ရွှယ်ယို့ရှန်းခမျာ ဆွံ့အသွားရတယ်။

အခုလေးတင် စကားပြောကြရအောင်လို့ ပြောခဲ့တဲ့လူက ရင်းဆုယဲ့ပါ။ သူက တောင်းဆိုချက်ကို လက်ခံပေးခဲ့ရုံတင်။ ဒါပေမဲ့ တည်းခိုဆောင်ကို ပြန်ရောက်တဲ့အချိန် စကားပြောရမယ့်လူက ဘယ်လိုလုပ်ပြောင်းပြန်ဖြစ်သွားရပြန်တာလဲ..?

သူ့အတွက် စိတ်ဓာတ်ကျစရာအကောင်းဆုံးက ရင်းဆုယဲ့ထိုင်နေခဲ့အချိန် သူ့ခမျာ သနားစရာကောင်းအောင် မတ်တပ်ရပ်နေရတာပဲ။ ဒီလိုမျက်နှာချင်းဆိုင်အနေအထားက သူတို့နှစ်ယောက်အတွက် စကားပြောလို့ ပိုပြီးအဆင်ပြေစေပေမယ့် အခုခုမှားယွင်းနေတယ် မဟုတ်ဘူးလား..!

တစ်ယောက်က ထိုင်ပြီးမေးနေတဲ့အချိန် တစ်ယောက်ကတော့ မတ်တပ်ရပ်ပြီး ပြန်ဖြေနေရတယ်။ သူတို့နှစ်ယောက်က စကားပြောနေတာနဲ့မတူပဲ ရင်းဆုယဲ့က သူ့ကို စာမေးနေတာနဲ့တောင် ပိုပြီးတူနေသလိုပဲ။ ဒါပေမဲ့ ရင်းဆုယဲ့ရဲ့ အမှောင်ထုကြီး ပေါ်ထွက်မလာတာ ကံကောင်းတယ်လို့ ဆိုရတော့မှာပေါ့။

ဒါပေမဲ့ စိတ်မသက်မသာဖြစ်နေတုန်းပဲ.. သိရဲ့လား..?

ခုနတုန်းက အရမ်းစိတ်လှုပ်ရှားနေ‌တော့ ရင်းဆုယဲ့နဲ့သူ့ကြားက သခင်-အစေခံစာချုပ်ကို မေ့လျော့နေခဲ့တယ်။ ရင်းဆုယဲ့ကို အမိန့်မပေးဘူးဆိုရင်တောင် ရင်းဆုယဲ့က သူ့ကို နာကျင်အောင်လုပ်လို့မရဘူးလေ။ ဘာမှစိတ်ပူစရာမလိုဘူးဟ..!

မင်းအစ်မကိုပဲစိတ်မပူနဲ့..!

သူ့အသက်ပိစိလေးအတွက် စိတ်ပူစရာမရှိဘူးဆိုရင်တောင် တခြားစိတ်ပူရမယ့်အရာတွေ ရှိနေတုန်းပဲ..! သူ့အတွက် စိတ်ပူရမလား..? ရင်းဆုယဲ့ရဲ့ အတင့်ရဲတဲ့ အပြုအမူအတွေအတွက် စိတ်ပူရမလား..? ဒါမှမဟုတ် နောင်အနာဂတ်မှာ ဖြစ်လာမယ ပြဿနာတွေအတွက် စိတ်ပူရမှာလား..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now