11

14.1K 2.2K 19
                                    

Unicode

“အကာအကွယ်စည်းကို ဖွင့်လိုက်..”

ရင်းဆုယဲ့က သူ့ရဲ့ဓားဖြင့် ဝံပုလွေအုပ်ကြီးကို နောက်ဆုတ်စေလိုက်ပြီး သူ့ရဲ့အနောက်က ရွှယ်ယို့ရှန်းကို ဆွဲခေါ်ကာ ဝိုင်းအုံ​လာတဲ့ ဝံပုလွေတွေကို ဂရုမစိုက်တော့ဘဲ လိုဏ်ဂူဆီသို့ ဦးတည်ပြေးသွားခဲ့တယ်။ အကာအကွယ်စည်းအနားကို ရောက်တာနဲ့ ရင်းဆုယဲ့က ရပ်တန့်လိုက်ပြီး ဓားကို တဖန်ဝင့်ကာ အနောက်ကလိုက်လာတဲ့ ဝံပုလွေတွေကို တားဆီးလိုက်ရင်း ရွှယ်ယို့ရှန်းအတွက် အချိန်ဆွဲပေးခဲ့တယ်။

“မလိုဘူး..”

ရွှယ်ယို့ရှန်းက ပြောပြောဆိုဆိုနဲ့ အကာအကွယ်စည်းထဲ ဝင်သွားလိုက်တယ်။ ရင်းဆုယဲ့ကတော့ ဝံပုလွေတွေကို အာရုံစိုက်နေဆဲပဲ။

“ကျွန်တော့်လက်ကို ကိုင်လိုက်..”

လောလောဆယ် အကာအကွယ်စည်းကို လုံးဝမဖွင့်ရဲသေးဘူး။ မတော်လို့ ဝံပုလွေကြီးတွေ သူတို့အနောက်က လိုက်ဝင်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ တကယ့်ကို ပြဿနာအကြီးကြီး တက်သွားလိမ့်မယ်။

အကာအကွယ်စည်းရဲ့ စွမ်းအားက သူ့အပေါ် သက်ရောက်မှုမရှိဘဲ အေးအေးဆေးဆေး ဖြတ်သန်းနိုင်မှတော့ သူ့ကိုယ်သူ ကြားခံအဖြစ်သုံးပြီး တခြားလူတစ်ယောက်ကို ဆွဲသွင်းနိုင်လောက်မယ်။

“ကောင်းပြီ..”

ရင်းဆုယဲ့က အကာအကွယ်စည်းအပြင်ကို ဆန့်ထုတ်လာတဲ့ ရွှယ်ယို့ရှန်းရဲ့လက်ကို အေးစက်စက် စိုက်ကြည့်လိုက်တယ်။ ထို့နောက်မှာတော့ မနှေးမမြန် စဉ်းစားလိုက်ပြီး သူ့ရဲ့ လွတ်နေတဲ့ လက်တစ်ဖက်ကို ရွှယ်ယို့ရှန်းဆီ ကမ်းပေးလိုက်တယ်။

ထိုအခါ ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့လက်ကို ဆုပ်ကိုင်ပြီး အကာအကွယ်စည်းအတွင်းကို ဆွဲသွင်းလိုက်တော့တယ်။ ရွှယ်ယို့ရှန်းရဲ့ တည်ရှိမှုက ကြားခံအဖြစ် ဆောင်ရွက်ပေးနေတာကြောင့် အကာအကွယ်စည်းက ရင်းဆုယဲ့ကို ငြင်းဆန်ခြင်းမရှိတော့ဘဲ ရှောရှောရှူရှူ ဝင်ခွင့်ပြုခဲ့တယ်။

“နောက်ဆုံးတော့ ကျွန်တော်တို့ လုံခြုံပြီ..”

အကာအကွယ်စည်းထဲကို ရင်းဆုယဲ့ ရောက်လာတော့မှ ရွှယ်ယို့ရှန်းလည်း တင်းထားတဲ့စိတ်ကို လျော့ချနိုင်ခဲ့တယ်။ သူ့ရဲ့ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ပေါ်ကို ခြေပစ်လက်ပစ် ထိုင်ချလိုက်ကာ မောကြီးပန်းကြီး အသက်ရှူနေတော့တယ်။ ပြီးမှ အကာအကွယ်စည်းအပြင်က ဝံပုလွေတွေရဲ့ အကြည့်ကို သတိထားမိခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now