93

7.1K 1.4K 62
                                    

Unicode

“ခင်ဗျားမခေါ်သွားရင် အနောက်ကနေ တိတ်တိတ်လေး လိုက်ခဲ့မှာနော်..!”

ရင်းဆုယဲ့ရဲ့ မပြောင်းလဲသေးတဲ့ အမူအရာကိုကြည့်ပြီး ရွှယ်ယို့ရှန်းက ဘုဆတ်ဆတ် ပြောလိုက်တယ်။ ကောင်းကောင်းပြောနေလို့ မရဘူးလား..? အကြမ်းနည်း သုံးရတော့မှာပေါ့..! ‘ချော့တစ်ခါ ခြောက်တလှည့်’ နည်းလမ်းကို သူအကျွမ်းဆုံးပဲ..!

“……………”

ဒေါသူပုန်ထနေပေမယ့် သူ့အတွက် တွေးပေးနေဆဲဖြစ်တဲ့ ကောင်ငယ်လေးကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့ နှလုံးသားက ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရသလိုမျိုး တုန်ယင်သွားခဲ့တယ်။ (ရင်ခုန်သွားတာ..!)

‘ထိုခံစားချက်က အရမ်းမြန်ဆန်လွန်းသလို ပြင်းထန်လွန်းတယ်..! ကောင်လေးအပေါ် သူ့ရဲ့ခံစားချက်တွေက ဖြူစင်တဲ့ခံစားချက်ကနေ ပြောင်းလဲသွားခဲ့တာ အချိန်အတော်ကြာလောက်ပြီ..! 

ဟော်လင်းယွင်က ကောင်လေးကို သတ်ချင်နေကြောင်း သိလိုက်ရတဲ့အချိန် သူ့ရဲ့ လူသတ်ချင်စိတ်ကို ဘာလို့ထိန်းမရခဲ့တာလဲ..?!

ရင်းဝူရွှမ်က ကောင်လေးကို ညစ်ညမ်းတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လာတဲ့အချိန်ကို ထည့်မပြောနဲ့တော့၊ သူအရမ်းဒေါသထွက်ခဲ့ရတာ..!

မဟုတ်သေးဘူး၊ အဲ့ထက်စောနိုင်တယ်။ ကောင်လေးက သူ့အတွက် အကြံဉာဏ်ပေးတဲ့အချိန်၊ ဂရုစိုက်ပေးခဲ့တဲ့အချိန် အဲ့အချိန်ကတည်းက ကောင်လေးအပေါ် သူ့ရဲ့ခံစားချက်တွေက ပုံမှန်မဟုတ်တော့တာပဲ..!

ဒါမှမဟုတ် ကောင်လေးက “ခင်ဗျားကျွန်တော့်ကို ယုံလို့ရတယ်” လို့ ပြောလိုက်တဲ့အချိန်ကတည်းက ဖြစ်နိုင်တယ်။ သူ့ရဲ့နှလုံးသားက ယိမ်းယိုင်သွားခဲ့ရပြီ..!’

***

“ဘုရင်မင်းမြတ်က အဖော်မခေါ်ခဲ့နဲ့လို့ မမိန့်ကြားလိုက်ပါဘူး..”

တော်ဝင်မြို့တော်သွားမည့်ကိစ္စအတွက် အလျော့မပေးတမ်း ငြင်းခုန်နေကြတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး ဝေရိက တစ်ခဏ စဉ်းစားကြည့်ပြီးနောက် အချိန်မနှောင့်နှေးအောင် လိုက်လျောပေးလိုက်တယ်။ သိသာစွာပဲ ဝေရိရဲ့ စိတ်ထဲမှာ ရင်းဆုယဲ့က ဘုရင်နဲ့ မတွေ့ချင်လို့ အချိန်ကြန့်ကြာအောင်လုပ်ပြီး ရွှယ်ယို့ရှန်းနဲ့ ငြင်းခုန်နေတာလို့ ထင်မြင်နေခဲ့တယ်။ အဲတာကြောင့် သူ့ရဲ့တာဝန်ကို မြန်မြန်ထမ်းဆောင်နိုင်ရန်အလို့ငှာ  မငြင်းဆန်တော့ဘဲ ရွှယ်ယို့ရှန်းကို လိုက်ပါခွင့်ပြုလိုက်တော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now