83

7.3K 1.4K 78
                                    

Unicode

“အကူအညီလှမ်းခေါ်လိုက်တာလား..?”

မေးလိုက်ပေမယ့် ရင်းဆုယဲ့ရဲ့ လေသံအရ အတည်ပြုချင်ရုံသပ်သပ်ဆိုတာ ပေါ်လွင်နေလေတယ်။ တကယ်ဆိုရင် သူ့ရဲ့ဝိဉာဉ်စွမ်းအားကိုသုံးပြီး ရောက်လာမယ့်လူကို ဆန်းစစ်လိုက်ရုံပဲ၊ မျက်လုံးပင့်ပြီး ကြည့်နေစရာတောင်မလိုဘူး။

“အညံ့ခံချင်ရင် အချိန်မှီသေးတယ်..!”

ရင်းဆုယဲ့ရဲ့ လက်ချက်ကြောင့် သေဆုံးသွားရတဲ့ တိုက်ခိုက်ရေးသမားတွေကိုကြည့်ပြီး ရင်းမင်တစ်ယောက် ရင်နာနေတော့တယ်။ ရင်းမိသားစုက များပြားလှတဲ့ ပစ္စည်းအင်အား၊ လူအင်အားစိုက်ထုတ်ပြီး ဒီလူတွေကို အပြင်းအထန် လေ့ကျင့်ပေးခဲ့ရတာလေ။ အခုတော့ ရင်းဆုယဲ့ရဲ့ လက်အောက်မှာ ဒီလိုမျိုးရှုံးနိမ့်သွားခဲ့ရတယ်။ သူဘယ်လိုလုပ် ရင်မနာပဲနေမလဲ..?

ရင်းဝူရွှမ်ဒဏ်ရာရသွားတာကြောင့် စိတ်မထိန်းနိုင်ပဲ ဒီလိုမသင့်လျော်တဲ့ဆုံးဖြတ်ချက်မျိုးကို ချခဲ့မိတာ..!

ရင်းမင်က အမှိုက်ဖြစ်သွားတဲ့ ရင်းဝူရွှမ်ကိုသာ အပြစ်တင်နေတော့တယ်။

သူက ဖခင်တစ်ယောက်ဆိုပေမယ့် မိသားစုကြီးတစ်ခုရဲ့ ဦးစီးခေါင်းဆောင်လည်း ဖြစ်နေသေးတယ်။ အဲ့တာကြောင့် မိသားစုရဲ့ အကျိုးစီးပွားကို အလေးထားမှဖြစ်မယ်။ မိသားစုအရေးနဲ့ယှဉ်လာရင် သားသမီးတွေရဲ့ကိစ္စကို နောက်ရွှေ့ထားရတော့မှာပဲ။

စိတ်ငြိမ်သွားတဲ့အချိန်မှာ အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။ သူ့ရဲ့အထူးတိုက်ခိုက်ရေးသမားတွေက သေဆုံးသွားခဲ့ရပေမယ့် အနည်းဆုံးတော့ ရင်းဆုယဲ့ရဲ့ထူးခြားချက်ကို သတိပြုမိလိုက်တယ်။

ရင်းဆုယဲ့ဆီမှာ မူမမှန်တဲ့အချက်တွေ အများကြီးပဲ..!

လွန်ခဲ့တဲ့နှစ်တွေမှာ ရင်းဆုယဲ့က မှော်ပညာအုတ်မြစ် ပျက်စီးသွားခဲ့ရပေမယ့် သိုင်းပညာကို လေ့ကျင့်နိုင်ခဲ့တယ်။ ထိုအချိန်တုန်းက ရင်းဆုယဲ့အနားမှာ လူတွေအများကြီးဝိုင်းနေတာကြောင့် ရင်းဆုယဲ့ရဲ့လျှို့ဝှက်ချက်ကို မရှာဖွေနိုင်ခဲ့ဘူး။ နှမြောစရာပဲ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now