73

8K 1.5K 84
                                    

Unicode

“စာအုပ်ဆိုတာ တင်စားပြီးပြောတာ.. တကယ့်စာအုပ်မဟုတ်ဘူး.. သဘောပေါက်လား..?”

ရွှယ်ယို့ရှန်းခမျာ ပိုပြီးနားလည်အောင် ရှင်းပြလိုက်ခါမှ ရင်းဆုယဲ့က ဒီလိုအမူအရာမျိုး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒီလိုအခြေအနေမျိုးမှာ ‘မှော်ပညာနဲ့ဓားနယ်မြေ’က ဇာတ်ကြောင်းတစ်ခုပါလို့ ပိုပြီးတောင် ဝန်မခံရဲသေးတယ်။

ထိုအခိုက်အတန့် ရွှယ်ယို့ရှန်းတစ်ယောက် သူ့လောက်အဖြစ်ဆိုးတဲ့ စာရေးဆရာမျိုး ဒီကမ္ဘာပေါ်မှာ မရှိဘူးလို့တောင် ခံစားလိုက်ရတယ်။ ဗီလိန်ကြီးရင်းဆုယဲ့နဲ့ မျက်နှာချင်းဆိုင်နေရတဲ့အချိန်မှာ သူ့ကိုယ်သူ ဒီကမ္ဘာကြီးကို ဖန်တီးခဲ့တဲ့ နတ်ဘုရားပါလို့ ဝန်မခံရဲတဲ့အပြင် ဒီကမ္ဘာရဲ့ တည်ရှိမှုအစစ်အမှန်ကိုတောင် မပြောရဲခဲ့ဘူး။ ဒီထက်ပိုပြီးခါးသီးတဲ့ ဘဝမျိုး ဘယ်မှာရှိနိုင်ပါဦးမလဲ..?!

“ဟမ်..?”

ရင်းဆုယဲ့ရဲ့ အမူအယာက လုံးဝပြောင်းလဲမသွားဘဲ ရွှယ်ယို့ရှန်းကို မျက်နှာသေကြီးနဲ့ ငေးစိုက်ကြည့်နေလေတယ်။

“ဒီလိုဗျာ.. ကျွန်တော့ရဲ့ဝိဉာဉ်က ​ဒီကို​ရောက်လာပြီး ဒီကမ္ဘာကြီးနဲ့ တချို့လူတွေရဲ့ကံကြမ္မာကို ရုတ်တရက် မြင်လိုက်ရတယ်..!”

ရွှယ်ယို့ရှန်းတစ်ယောက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးပြီလို့ ခံစားလိုက်ရတယ်။ ဒါကိုမှ ရင်းဆုယဲ့ နားမလည်သေးရင် သူလည်း ထပ်ပြီးရှင်းမပြတတ်တော့ဘူး။ သေခြင်းရှင်ခြင်းနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို သူလည်း မသိဘူးလေ။ သူရဲ့ဝိဉာဉ်က ဘယ်သူ့ခန္ဓာကိုယ်ထဲ ကူးပြောင်းလာသလဲဆိုတာကိုတောင် သူ,မသိတာ ရင်းဆုယဲ့ကိစ္စဆိုရင် ပိုဆိုးတာပေါ့။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီကမ္ဘာကြီးက သူဖန်တီးခဲ့သလို မဟုတ်တော့ဘူး။ အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲ့တာကြောင့် ‘တချို့လူတွေ’ ဆိုတဲ့ စကားလုံးကိုသုံးပြီး ရှင်းပြလိုက်တယ်။ အကုန်လုံးကို သိနေရအောင် သူက တန်ခိုးရှင်မဟုတ်ဘူးလေ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now