132

6.3K 1.2K 39
                                    

Unicode

“ကြင်ယာတော်ရွေးပွဲက ဒီလောက်ပျော်ဖို့ကောင်းတာ.. ကျွန်တော့်ကို ဘာလို့လာမခေါ်ကြတာလဲ..?”

ရွှယ်ယို့ရှန်းက မြေခွေးနဲ့ ကိုယ်ရံတော်တွေကိုခေါ်ပြီး ကြင်ယာတော်ရွေးချယ်ပွဲ ကျင်းပတဲ့နေရာကို တစ်လှမ်းချင်း လျှောက်လာခဲ့တယ်။ ဘယ်သူ့မှဂရုမစိုက်သလို လေသံနဲ့ ထောင်လွှားမော်ကြွားနေတဲ့ မျက်နှာထားက လူတိုင်းကို အာဏာအားကိုးနဲ့ အနိုင်ကျင့်တတ်တဲ့ ဒုတိယမျိုးဆက် ခပ်ဆိုးဆိုးသခင်လေးတစ်ယောက်လိုပါပဲ။

ရွယ်ယို့ရှန်းက တော်ဝင်မြို့တော်မှာနေရင်း နောက်ဆုံးအဆင့် ရွေးချယ်ခံယှဉ်ပြိုင်သူများ ရွေးချယ်ပြီးသည့်အချိန်အထိ စောင့်နေခဲ့တယ်။ ထို့နောက် သူများခေါ်တာမစောင့်ဘဲ သူက အရင်ဦးအောင် သွားလိုက်တယ်။ မသွားခင် ရင်းဆုယဲ့ကို သူ့နောက်က လိုက်မလာဖို့ သေသေချာချာ မှာခဲ့သေးတယ်။

တကယ်လို့ လိုက်ချင်ရင်လည်း ဘယ်သူမှမမြင်အောင် လိုက်လာခဲ့ဖို့ပေါ့။ ဘာလို့လဲဆိုတော့ ရင်းဆုယဲ့ပါလာရင် ဘယ်သူမှ လှုပ်ရှားရဲမှာမဟုတ်တော့ဘူးလေ။ ပြဇာတ်ကောင်းတွေ လွှတ်သွားမှာ စိုးရတယ်။ ဒီလူတွေက ဘယ်လောက်ပဲ လောဘကြောင့် စုံလုံးကန်းနေပါစေ၊ လူသားဘုရင်ဖြစ်တဲ့ ရင်းဆုယဲ့ရှေ့မှာ လွန်လွန်ကျူးကျူးတွေ လုပ်ရဲလောက်မှာမဟုတ်ဘူး။ အဲ့တော့ သူတို့ရဲ့ မကောင်းတဲ့အခြမ်းကို ဖော်ထုတ်နိုင်ဖို့ရာအတွက် ရင်းဆုယဲ့ကို ခေါ်သွားလို့မဖြစ်ဘူး။

ရင်းဆုယဲ့ လိုက်လိုက်၊ မလိုက်လိုက် ရွှယ်ယို့ရှန်းတို့က ဂရုမစိုက်ပါဘူး။ ရင်းဆုယဲ့ရဲ့ အကူအညီမပါလည်း သူ့ရဲ့လက်ရှိစွမ်းအင်နဲ့ သူတို့တွေကို အသာလေးဖြေရှင်းလို့ရတယ်။ ပြီးတော့ ဒီရက်ပိုင်းအတွင်း လူသားတွေကြောင့် တော်တော်လေး ခံစားခဲ့ရတာ။ လက်သည်တရားခံတွေကို လက်တုံ့မပြန်နိုင်ရန် ဘယ်မှာလဲ သူ့အတွက် တရားမျှတမှု..?

“မင်းကို ဘယ်သူက ဒီလာခွင့်ပြုထားလို့လဲ..?”

ပွဲစီစဉ်သူတစ်ယောက်က မတ်တပ်ရပ်ကာ ရွှယ်ယို့ရှန်းကို စတင်,ရမယ်ရှာတော့တယ်။ ကြင်ယာတော်ရွေးချယ်ပွဲကို အမှားအယွင်းမရှိ ကျင်းပနိုင်ဖို့ရာအတွက် ပွဲကျင်းပရာနေရာကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုထားသလို ဘယ်သူ့ကိုမှလည်း ထွက်ခွာခွင့်မပြုခဲ့ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now