13

12.7K 2.1K 18
                                    

Unicode

“ခင်ဗျားရဲ့ဒဏ်ရာတွေကို ကျွန်တော် မန္တန်အစွမ်းသုံးပြီး ကုပေးမယ်လေ..?”

နှစ်ယောက်လုံး တိတ်ဆိတ်သွားတာကြောင့် ရွှယ်ယို့ရှန်းက အနည်းငယ်တွေးဆပြီး ထပ်ပြောလိုက်တယ်။ သူက အရမ်းကို ကြင်နာတတ်နေတာ မဟုတ်ဘူးနော်။ ဒီအတိုင်း သူ့အရှေ့မှာ လူတစ်ယောက် ဒဏ်ရာရနေတာကို မကြည့်ရက်ရုံပဲ။ ဒဏ်ရာတချို့ဆို ပြင်းထန်လွန်းလို့ ဘေးကလူတောင် အရိုးဖြူဖြူတွေ မြင်နေရပြီ။ တချို့ဒဏ်ရာတွေက သွေးစက်လက်နဲ့။ ရင်းဆုယဲ့အနားကို ကပ်လိုက်တာနဲ့ သွေးညှီနံ့ပြင်းပြင်း အရင်ရလိုက်တာကြောင့် သူလည်း ရပ်မကြည့်နိုင်တော့ဘူးလေ..!

စိုးရိမ်ခံနေရတဲ့ ကာယကံရှင်က သူ့ရဲ့ဒဏ်ရာကို ဂရုစိုက်ပုံတောင် မပြပေမယ့် ရွှယ်ယို့ရှန်းကတော့ သူ့ကိုယ်စား နာကျင်နေမိတယ်။ ဆေးတစ်ခါထိုးပြီးတာနဲ့ တစ်နေကုန် ရှုံ့မဲ့နေတတ်တဲ့ သူ့ကိုယ်သူ ပြန်မြင်ယောင်ကြည့်ရင်း၊ တစ်ကိုယ်လုံး အရွယ်အစားမျိုးစုံ ဒဏ်ရာမျိုးစုံနဲ့ ပြည့်နှက်နေတဲ့ ထိုအမျိုးသားကို ပြန်ကြည့်လိုက်မိတော့... အကြည့်တစ်ချက်နဲ့တင် ရင်းဆုယဲ့ကိုယ်စား နာကျင်လာရတယ်။

ထိုအခိုက်အတန့်လေးမှာပဲ ရင်းဆုယဲ့ ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ မြင်ယောင်နိုင်ခဲ့တယ်။

“ရတယ်..”

(TN : ဆေးကုပေးလို့ရတယ်လို့ အတိုကောက်ပြောခြင်း ဖြစ်ပါတယ်။)

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်။ သူ့ပုံစံက ဒီကောင်လေး ဘာဒဏ်ရာမှမရှိဘဲ ဘာလို့ ဒဏ်ရာရနေသလိုမျိုး ရှုံ့မဲ့နေရတာလဲလို့ အဖြေရှာနေဟန်။

“ကြိုပြောထားမယ်နော်.. ကျွန်တော်က မန္တန်အတတ်ကို အရမ်းမကျွမ်းကျင်သေးဘူး.. အဲ့တာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် အာမ,မခံနိုင်ဘူး..”

ဘာကိုမကျွမ်းကျင်ရမှာလဲ..? တကယ်တော့ ဘာမှကို နားမလည်သေးတဲ့ လူသစ်တစ်ယောက်ပဲ.. ဟမ့်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now