78

7.6K 1.5K 139
                                    

Unicode

“ရင်းဆုယဲ့.. မင်းက ပိုပိုပြီးအတင့်ရဲလာတာပဲ..!”

ရင်းဝူရွှမ်က မပေါ်လာသေးပေမယ့် သူ့ရဲ့ မောက်မာဝင့်ကြွားလွန်းတဲ့ အသံက အရင်ဆုံးထွက်ပေါ်လာခဲ့တယ်။ သူ့ရဲ့အသံထဲမှာ ရင်းဆုယဲ့အပေါ် မုန်းတီးရန်လိုစိတ်တွေနဲ့ ပြည့်နှက်နေတော့တယ်။

(TN : ရင်းဆုယဲ့ရဲ့ အဖေတူအမေကွဲညီအစ်ကို ရင်းဝူရွှမ်)

တကယ်တော့ ရင်းဆုယဲ့ မြို့တော်ကိုရောက်ကတည်းက သူ့ဆီကို သတင်းရောက်နေပြီးသား။ ထိုအချိန်ကတည်းက ရင်းဆုယဲ့ကို ပြဿနာရှာဖို့ အစီအစဉ်ဆွဲထားခဲ့တယ်။ ထို့နောက် အစေခံတွေကို အသင့်ပြင်ခိုင်းထားပြီး သူ့ရဲ့အခန်းထဲမှာ သတင်းကောင်း ထိုင်စောင့်နေလိုက်တယ်။

ထိုအချိန်မှာပဲ အံ့ဩစရာကောင်းတဲ့ သတင်းတစ်ခုက သူ့ဆီကို ရောက်လာခဲ့တယ်။ အမြဲတမ်း နှိမ်ချသည်းခံတတ်တဲ့ ရင်းဆုယဲ့က အိမ်တော်တံခါးဝမှာ တံခါးစောင့်တွေနဲ့ ရန်ဖြစ်နေတယ်တဲ့။ ရင်းဆုယဲ့တစ်ယောက် စိတ်လှုပ်ရှားသွားခဲ့တယ်။ နောက်ဆုံးတော့ ရင်းဆုယဲ့ရဲ့အမှားကို ဖမ်းဆုပ်နိုင်ခဲ့ပြီ။ ဒီအခွင့်အရေးကို အသုံးချပြီး ရင်းဆုယဲ့ကို နင်းခြေပစ်ရမယ်။

ရင်းဝူရွှမ်လည်း ရင်းဆုယဲ့ အခက်အခဲဖြစ်နေတာကို မြင်ချင်လွန်းလို့ သူ့နောက်လိုက်တွေကို ခေါ်ဆောင်ပြီး အိမ်တော်တံခါးဝသို့ အမြန်ထွက်လာခဲ့လိုက်တယ်။ သို့သော်ငြား သူ့ရဲ့အခန်းက အိမ်တော်ရဲ့အလယ်မှာ တည်ရှိနေတာကြောင့် သူရောက်သွားတဲ့အချိန် နောက်ကျသွားခဲ့ပြီ။

သူမြင်လိုက်ရတာက အရပ်ရှည်ရှည် မောက်မာထောင်လွှားတဲ့ ပုံရိပ်တစ်ခုကို တံခါးစောင့်တွေ ဒူးထောက်ဦးတိုက်ပြီး တောင်ပန်းနေကြတဲ့ မြင်ကွင်းပဲ။ ရင်းဆုယဲ့က လက်ပိုက်ရပ်နေပြီး ပူဇော်ပသခံနေရတဲ့ နတ်ဘုရားတစ်ပါးလို ပြုမူနေလေရဲ့။

တစ်ချိန်တည်းမှာပဲ နေအလင်းရောင်ကြောင့် ရင်းဆုယဲ့ရဲ့ပုံရိပ်က ပိုမိုခမ်းနားနေပြီး ‘နေမင်းရဲ့သားတော်’လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ အချိန်ကို ပြန်အမှတ်ရသွားစေတယ်။ ထို့ကြောင့် ရင်းဆုယဲ့ အရှက်ကွဲမှာကို အပြေးအလွှားလာကြည့်တဲ့ ရင်းဝူရွှမ်ရဲ့မျက်နှာက မည်းမှောင်သွားပြီး ရင်းဆုယဲ့ကို စိမ်းကားရက်စက်စွာ စိုက်ကြည့်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now