87

6.9K 1.4K 56
                                    

Unicode

“ရင်းအစ်ကိုကြီး.. ဒီကောင်စုတ်လေး ပေါက်ကရတွေလျှောက်ပြောနေတာ.. နားမယောင်နဲ့..!”

ရွှယ်ယို့ရှန်းရဲ့ စကားတွေကို ယုံကြည်သွားတော့မယ့် ရင်းမင်ကိုကြည့်ပြီး ဟော်လင်းယွင်လည်း တုန်လှုပ်ခြောက်ခြားသွားရတယ်။ ရင်းမင်ရဲ့ သံသယတွေကို ဖယ်ရှားပစ်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံ ထုတ်သုံးရတော့မှာပဲ။ ရင်းဝူရွှမ်က သူ့ရဲ့ တရားမဝင်ကလေးဆိုတာကို ဒီကောင်စုတ်လေး ဘယ်လိုသိသွားတာလဲ..? သူ,စဉ်းစားလို့မရဘူး။

ပြောရမယ်ဆိုရင် သူနဲ့ချန်းရုန်ယန်က ဒီကိစ္စကို အထူးလျှို့ဝှက်ထားခဲ့တယ်။ အပြင်ကို လုံးဝမပေါက်ကြားစေသလို ဟော်အိမ်တော်ရဲ့ လူတချို့ကလွဲရင် ရင်းဝူရွှမ်တောင်မှ သူ့ရဲ့ဖြစ်တည်မှုအမှန်ကို မသိခဲ့ဘူး။ အဲ့တာကြောင့် ရင်းဝူရွှမ်နဲ့ပတ်သက်ပြီး တခြားလူတွေ အထင်မလွဲအောင် နေထိုင်ခဲ့တယ်။ သဲလွန်စလေးတစ်ခုကနေ သူနဲ့ရင်းဝူရွှမ်ကြားက  လူကြားမကောင်းတဲ့ ပက်သက်ဆက်နွယ်မှုကို တခြားလူတွေသိသွားမှာ စိုးရိမ်နေခဲ့လို့လေ။

ဥပမာပြောရရင် ခုနလေးတင်က ဖြစ်ပျက်သွားခဲ့သလိုမျိုးပေါ့။ ရင်းအိမ်တော်ရှေ့ကို ရောက်တဲ့အချိန် ရင်းဝူရွှမ်ကို မြင်ခဲ့ပေမယ့် စိတ်မလုံတာကြောင့် ဒုတိယအကြိမ် ထပ်ပြီးလှည့်မကြည့်ရဲခဲ့ဘူး။ အဲ့တာကြောင့်ပဲ ရင်းဝူရွှမ်ဒဏ်ရာရထားမှန်း ချက်ချင်းမသိခဲ့တာပေါ့။

“သက်သေပြ..!”

ရင်းမင်တစ်ယောက် သူ့ရဲ့စိတ်အာရုံတစ်ခုလုံး ရှုပ်ထွေးသွားသလို ခံစားလိုက်ရတယ်။ ဟော်လင်းယွင်ကို ရင်းဝူရွှမ်က သူ့ရဲ့ တရားမဝင်ကလေးမဟုတ်ကြောင်း သက်သေပြခိုင်းရမလား၊ ဒါမှမဟုတ် ရွှယ်ယို့ရှန်းကို ရင်းဝူရွှမ်က ဟော်လင်းယွင်ရဲ့ ကလေးဖြစ်ကြောင်း သက်သေပြခိုင်းရမလား၊ သူ,မသိတော့ဘူး။ သူများပြောစကားကြောင့် အလွယ်တကူ မတုန်လှုပ်သင့်မှန်း၊ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို မယုံကြည်သင့်မှန်း သိထားပေမယ့်လည်း ‘ရင်းဝူရွှမ်က သူ့သွေးသားမဟုတ်ဘူး’ ဆိုတဲ့စကားက သူ့ရဲ့စိတ်ကို အပိုင်စီးသွားခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now