101

6.9K 1.4K 93
                                    

Unicode

“ခနလောက် စောင့်ပါဦး..!”

ရင်းမင်က ရင်းဆုယဲ့ချန်ခဲ့တဲ့ အရှုပ်အထွေးတွေကို ဖြေရှင်းနေခဲ့ရတာကြောင့် တခြားလူတွေထက် အနည်းငယ် နောက်ကျသွားခဲ့ရတယ်။ သို့သော်လည်း တော်ဝင်မြို့တော်ဂိတ်ဝမှာ ပြဿနာရှာနေတဲ့လူက သူ့ရဲ့ ’သားကောင်းရတနာလေး’ ရင်းဆုယဲ့လို့ မထင်ထားခဲ့မိဘူး။ အထူးသဖြင့် သူရောက်လာတဲ့အချိန် လူအများက သူ့အနားဝိုင်းလာပြီး သူတို့ရဲ့ ခန့်မှန်းချက်တွေကို ပြောဆိုလာကြတာကြောင့် ရင်းမင်ရဲ့မျက်နှာက ရှုံ့မဲ့သွားခဲ့တယ်။

ရင်းဆုယဲ့က မိစ္ဆာကိုကာကွယ်ပြီး တော်ဝင်မြို့တော်ဂိတ်ဝမှာ လူသားဘုရင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မယ်လို့ ဘယ်လိုလုပ်ထင်ထားခဲ့မှာလဲ..?!

ထိုအခိုက်အတန့် လူတွေဝိုင်းပြောနေကြတဲ့ ‘ရင်းဆုယဲ့က မိစ္ဆာရဲ့လှည့်ဖျားမှုကြောင့် အသိစိတ်မရှိတော့တာ’ ဆိုတဲ့အချက်ကို ရင်းမင်လည်း ယုံကြည်လာခဲ့တော့တယ်။ ရှေ့ထွက်သွားလိုက်ပြီး ရင်းဆုယဲ့ကို ဆုံးမပစ်လိုက်ချင်တယ်။ ဒါပေမဲ့လည်း လူသားဘုရင်ကြီးရှိနေသေးတော့ မလုပ်ရဲခဲ့ဘူး။ ထို့ကြောင့် လူကြားထဲမှာ ကိုယ်ယောင်ဖျောက်နေရင်း ဖြစ်ပျက်သမျှကို စောင့်ကြည့်နေခဲ့တယ်။

စောင့်ကြည့်နေရင်း ရင်းဆုယဲ့က သေမှာမကြောက်ပဲ ‘ကံကြမ္မာကူးပြောင်းခြင်း’ကို စတင်ဖို့ကြိုးစားနေတာကြောင့် ရင်းမင်က ထွက်တားလိုက်ရတော့တယ်။ ရင်းဆုယဲ့ကို ဘယ်လောက်ပင် မနှစ်မြို့ပါစေ၊ ရင်းဆုယဲ့ သေကြောင်းကြံနေတာကို ရပ်မကြည့်နိုင်ပါဘူး။ ဘယ်လိုပဲပြောပြော လက်ရှိအခြေနေမှာ သူ့ရဲ့သားအရင်းက ရင်းဆုယဲ့တစ်ဦးတည်းပဲ ရှိတော့တယ်။

“ရင်းဆုယဲ့ ခေါင်းမမာစမ်းနဲ့..! အရှင်မင်းကြီးကို မြန်မြန်တောင်းပန်လိုက်စမ်း.. ပြီးရင် ‘ကံကြမ္မာကူးပြောင်းခြင်း’ကို အသက်မသွင်းတော့ဘူးလို့ ပြောလိုက်..”

ရင်းဆုယဲ့က သူ့ရဲ့စကားကို လုံးဝနားမထောင်တဲ့အပြင် စစ်သည်တွေကလည်း ရင်းဆုယဲ့ကို ဖမ်းဆီးချုပ်နှောင်ဖို့ ရှေ့တိုးလာတာကြောင့် ရင်းမင်က ထပ်မံဖျောင်းဖျလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now