102

6.7K 1.5K 189
                                    

“ရင်းဆုယဲ့.. အမိန့်ပေးမယ်.. ချက်ချင်းရပ်လိုက်စမ်း..!”

ရွှယ်ယို့ရှန်းက သူ့ရဲ့လက်ထဲက အဝတ်စကို လွှင့်ပစ်လိုက်ပြီး ရင်းဆုယဲ့ကို ခက်ထန်စွာ အော်ဟစ်လိုက်တယ်။

“ကိုယ့်ကို အမိန့်ပေးနေတာလား..?”

ရင်းဆုယဲ့က ရပ်တန့်သွားပြီး ရွှယ်ယို့ရှန်းကို လှည့်ကြည့်လာခဲ့တယ်။

“ဟုတ်တယ်..!”

ရွှယ်ယို့ရှန်းတစ်ယောက် တောင့်ခဲသွားရတယ်။ ဒါပေမဲ့ အံကြိတ်ကာ ဝန်ခံလိုက်တယ်။

အခုတော့ ရင်းဆုယဲ့ကို ကတိပေးခဲ့တဲ့ သခင်-အစေခံစာချုပ်ကို ဘယ်တော့မှ အသုံးမပြုပါဘူးဆိုတဲ့ ကတိကို ဖောက်ဖျက်လိုက်မိပြီ။ ရင်းဆုယဲ့ကို သခင်တစ်ယောက်အနေနဲ့ သူ့ရဲ့စကားကိုနားထောင်အောင် အမိန့်ပေးမိသွားခဲ့ပြီ။ ဒါပေမဲ့ အခြေအနေတွေက ဒီအထိဖြစ်လာခဲ့ရတာဆိုတော့ ရင်းဆုယဲ့က သူ့ကို အပြစ်မပေးလောက်ဘူးလို့ ထင်တာပဲ။ ဘယ်သူက ရင်းဆုယဲ့ကို အဲ့လိုတွေလုပ်ခိုင်းလို့လဲ..? ရင်းဆုယဲ့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချပေးရလိမ့်မယ်။

“မင်းကျိန်ဆိုထားတာကို ဖောက်ဖျက်ချင်တာလား..?”

ရင်းဆုယဲ့ရဲ့ အမူအယာက တည်ငြိမ်နေခဲ့တယ်။ တည်ငြိမ်လွန်းလို့ ခံစားချက်မဲ့နေသယောင် ထင်မှတ်ရတယ်။

“ခင်ဗျားထိခိုက်မှာကို မမြင်ချင်ရုံပါ..!”

ရွှယ်ယို့ရှန်းလည်း မတတ်သာတော့ဘဲ အသံပျော့သွားရတယ်။

ကျိန်ဆိုထားတာကို ချိုးဖောက်တယ်..? အရမ်းလေးနက်လွန်းနေပါပြီ..?! ရင်းဆုယဲ့က စကားမတည်တဲ့လူတွေကို အရမ်းမုန်းမှန်း သူသိပါတယ်။ ဒီလိုလုပ်ရတာ သူ့အတွက်လည်း အကျိုးမရှိဘူး။ ရင်းဆုယဲ့နဲ့သူ့ကြားက ရင်းနှီးမှုကိုလည်း ပျက်ပြားစေလိမ့်မယ်။ ဒါပေမဲ့ သူလုပ်မှဖြစ်မယ်..!

အရင်တုန်းက ရင်းဆုယဲ့နဲ့ သိပ်မရင်းနှီးသေးဘူးဆိုတော့ ရင်းဆုယဲ့ကို အစေခံတစ်ယောက်လို မဆက်ဆံရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဗီလိန်ကြီးကို စိတ်ရှုပ်အောင်သွားလုပ်ရင် လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံနဲ့ အသက်ခံရမှာကို ကြောက်တယ်။ အဲ့တာကမှ ဝံပုလွေအုပ်ကြီးနဲ့ ရင်ဆိုင်ရတဲ့အချိန် ရင်းဆုယဲ့အပေါ် သခင်-အစေခံစာချုပ်သုံးပြီး အမိန့်မပေးခဲ့ရတဲ့ အကြောင်းရင်းအမှန်ပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now