152

4.9K 976 30
                                    

Unicode

“ဟူး..!”

ရွှယ်ယို့ရှန်းတစ်ယောက် တော်ဝင်မြို့တော်ရဲ့ ခြံဝင်းတစ်ခုထဲမှာ ပျင်းရိပျင်းတွဲ ထိုင်နေရင်း ခေါင်းငိုက်စိုက်လျက် သက်ပြင်းချလိုက်တယ်။

အခုတော့ ‘အသံကြောင့်ဖားသေ’ ဆိုတဲ့စကားကို ကောင်းကောင်းနားလည်သွားပြီ..! ရင်းဆုယဲ့ကို ရန်မစခဲ့သင့်ဘူး။ အခုတော့ ရင်းဆုယဲ့ကို အိမ်ပြန်ဖို့ မကြိုးစားတော့ပါဘူးလို့ ကတိပေးလိုက်ရပြီ။

ရင်းဆုယဲ့ရဲ့ တုံ့ပြန်မှုတွေက အရမ်းပြင်းထန်လွန်းတယ်။ အချိန်အနည်းငယ်အတွင်း တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းကို ပြောင်းလဲပစ်လိုက်တယ်လေ။ အခုတော့ သူ့မှာ တော်ဝင်မြို့တော်ကနေ ခြေတစ်လှမ်းတောင် ထွက်မရတော့ဘူး။ အပြင်ထွက်ဖို့ ကြိုးစားတာနဲ့ အကာအကွယ်စည်းက သူ့ကို တော်ဝင်မြို့တော်ထဲ ပြန်ပို့ပစ်လိမ့်မယ်။

အို့.. ဟုတ်သား၊ ရင်းဆုယဲ့ကတော့ စကားအလှလေးတွေသုံးပြီး နှစ်သိမ့်တာပေါ့။ သူ့ကို ကာကွယ်ချင်လို့ပါတဲ့လေ။ ပြီးတော့ သူ,မသိတဲ့အချိန် ထွက်မသွားနိုင်အောင်လို့တဲ့..!

ရင်းဆုယဲ့ ပြောင်းလဲပစ်လိုက်တဲ့ အကာအကွယ်စည်းက ပြင်ပမျိုးနွယ်တွေကို တားဆီးနိုင်တဲ့အပြင် မိစ္ဆာဖြစ်တဲ့ သူ့ကိုလည်း လက်ခံနိုင်တယ်။ သူ့ကို တော်ဝင်မြို့တော်ထဲမှာ လှောင်ပိတ်ထားနိုင်တယ်။ အဆင့်သုံးဆင့်တောင် တိုးတက်သွားခဲ့ပြီပဲ..!

အကာအကွယ်စည်းကို ပုံစံအမျိုးမျိုး အသုံးဝင်နိုင်အောင် အဆင့်မြှင့်နိုင်ခဲ့တဲ့ ရင်းဆုယဲ့ကို ချီးကျူးသင့်လား..? သောက်ရမ်းမိုက်တယ်..! ဉာဏ်ကောင်းလွန်းတယ်..!

ဒါပေမဲ့ မကွယ်ဝှက်တမ်းပြောရရင် ဒါက တရားမဝင်နည်းလမ်းနဲ့ သူ့ကို အကျဉ်းချထားတာပဲ..!

“တနေကုန် သက်ပြင်းပဲချနေလို့ မဖြစ်ဘူးလေ..!”

အနားမှာရှိနေတဲ့ မြေခွေးက ရွှယ်ယို့ရှန်း စိတ်အခြေအနေမကောင်းတာကို ခံစားမိလိုက်တာကြောင့် နှစ်သိမ့်လိုက်တယ်။ သခင့် အပါးတော်မြဲဖြစ်တာကြောင့် ရွှယ်ယို့ရှန်းနဲ့ ရင်းဆုယဲ့တို့ ကတောက်တဆဖြစ်ထားတာကို သိနေခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now