53

9.1K 1.7K 33
                                    

Unicode

“ရင်းဆုယဲ့.. ဟိုအနီရောင်မိန်းကလေးလေ.. သူ့နာမည်က ဟော်ရူယန်များလား..?”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ဘက်လှည့်ကာ သိပ်မသေချာသလို မေးလိုက်တယ်။ ဟော်ရူယန်ဆိုတာ သူ ဝိဉာဉ်မကူးပြောင်းခင်က အကြမ်းရေးခဲ့တဲ့ စာပိုဒ်ထဲက ဇာတ်ကောင်တစ်ယောက်ပေါ့။ ပြောရမယ်ဆိုရင် အဲ့စာပိုဒ်က အကြမ်းရေးထားတာဆိုတော့ ပြည့်ပြည့်စုံစုံ မဟုတ်သေးဘူး။ လိုအပ်တဲ့ အချက်တွေလောက်ပဲ လိုရင်းတိုရှင်း ရေးထားခဲ့တာ။ သူ့ဝတ္ထုရဲ့ အဓိကဇာတ်လိုက်အတွက် လမ်းခင်းပေးရုံသပ်သပ်ပဲဆိုတော့ အသေးစိတ် မရေးခဲ့မိဘူး။

အဲ့တော့ အဓိကဇာတ်လိုက်ရဲ့ မောင်းမဆောင်အဖွဲ့ဝင်တစ်ယောက်ဆိုပေမယ့် ဟော်ရူယန်ရဲ့ အသွင်အပြင်ကို ရေးဖွဲ့တဲ့နေရာမှာ အချိန်အများကြီး မသုံးခဲ့ရဘူး။ စာနှစ်ကြောင်းတည်းနဲ့ သူမရဲ့ အသွင်အပြင်ကို ခြုံငုံပြီး ပုံဖော်ခဲ့လိုက်တယ်။

[သူမကို ရန်စလာသူတိုင်းအား ထိပ်တိုက်ရင်ဆိုင်တတ်သည့် အနီရောင်ဝတ်ဟော်ရူယန်… သူမဟာ ခေါင်းကို အနည်းငယ် မော့ထားပြီး ကြာပွတ်ရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ လူအများကြားတွင် မော်ကြွားစွာ မတ်တပ်ရပ်နေခဲ့ပြီး သူမ၏ အသွင်အပြင်က ဘုရင်မတစ်ပါးနှယ် မှတ်ထင်ရပေသည်။]

သူရေးခဲ့တဲ့ စာမူကြမ်းက တိတိကျကျ မဖော်ပြထားတော့ အနီရောင်မိန်းကလေးကို သူ့ဝတ္ထုထဲက ဟော်ရူယန်နဲ့ မဆက်စပ်မိခဲ့ဘူး။ အထူးသဖြင့် သူ မြင်တွေ့နေရတဲ့ ဒီမိန်းကလေးက သူ့ဝတ္ထုထဲကလို ဘုရင်မတစ်ပါးရဲ့ အရှိန်အဝါတွေ မပိုင်ဆိုင်ထားဘူးလေ။ စာသားနဲ့ တကယ့်ဖြစ်ရပ်ကြားမှာ ကွာခြားမှုအနည်းငယ် ရှိနေတတ်တာကို သူ တွေးမိခဲ့သင့်ပါတယ်။

လက်ရှိမြင်ကွင်းက သူ့ဝတ္ထုရဲ့ ဇာတ်ကွက်နဲ့ တိုက်ဆိုင်ရုံသပ်သပ်ပဲလားဆိုတာ သိနိုင်ဖို့အတွက် ရွှယ်ယို့ရှန်းလည်း မေးမြန်းစုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။

“မင်း သူ့ကို သိလို့လား..?” ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက မသိမသာ မှုန်မှိုင်းသွားလေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now