33

10.9K 2K 126
                                    

Unicode

“မင်းလိုလူကများ ငါတို့ကို ပြောရဲတယ်..?”

ရောက်လာကတည်းက ရင်းဆုယဲ့ကိုသာ အာရုံစိုက်နေတဲ့ လူလေးယောက်လည်း ရွှယ်ယို့ရှန်းရဲ့ တရစပ် ကြိမ်းမောင်းဆူပူသံကို ကြားလိုက်တော့ ဒေါသခြောင်းခြောင်း ထွက်လာကြတော့တယ်။

“ကျွန်တော်က ဘယ်သူဘယ်ဝါလို့ နာမည်တပ်ပြီး မပြောခဲ့သလို.. ခွေးလိုဟောင်နေတာ ဘယ်သူပါလို့လည်း မပြောခဲ့ဘူးနော်.. မင်းတို့ဘာသာ လျှောက်ထင်နေကြတာ.. ဟုတ်တဲ့လူ နာပေါ့..”

ရွှယ်ယို့ရှန်းတောင် သူ့လျှာက ဒီလောက်အဆိပ်ပြင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဖြူကိုအမဲ၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနိုင်သားပဲ..!

“ဝန်မခံတဲ့အပြင် ကျွန်တော့်ကိုတောင် ပြန်ပြီးအပြစ်တင်နေကြသေးတယ်.. ဟာသပဲ..!”

အစောပိုင်းက ‘မင်းတို့’ (မင်းတို့မိဘတွေ) လို့ ရှင်းရှင်းလင်းလင်းကြီး သုံးခဲ့မိတာကိုတော့ ရွှယ်ယို့ရှန်းက ကျိန်းသေပေါက် ဝန်ခံမှာမဟုတ်ဘူး။ တစ်ဖက်လူကို ဒေါသထွက်အောင်လုပ်ပြီး သူကတော့ ရိုးသားတဲ့ ဖိုးသခွားလေးလို လွတ်လမ်းရှာနေသေးရဲ့။

ဘယ်သူက အဲ့လူလေးယောက်ကို ရောက်လာတာနဲ့ ရန်စပါလို့ ပြောခဲ့လို့လဲ..? ပြီးတော့ ရင်းဆုယဲ့က စကားပြောရတာ မကြိုက်တဲ့အပြင် ကိုယ့်ကိုယ်ကို ခုခံပြီးလည်း မပြောတတ်ဘူး။ ဒါက တစ်ဖက်သတ်အနိုင်ကျင့်နေတာပဲ..!

သူက ရန်စလာသမျှကို ပြန်မပြောတတ်ရအောင် “ကြာပန်းဖြူလေး” ဒါမှမဟုတ် “ကရုဏာရှင်ကြီး”လည်း မဟုတ်နေဘူးလေ။ သူ့ရဲ့ စည်းမျဉ်းကိုက ‘စော်ကားရင် အလျော်အစားပြန်ပေးရမယ်’..!

“မင်းကတော့ သေချင်နေပြီပဲ..”

ရွှယ်ယို့ရှန်းရဲ့ စကားလုံးတွေကြောင့် လူစိမ်းလေးယောက်လုံး မျက်နှာတွေ နီရဲတက်လာတဲ့အထိ ဒေါသထွက်လာကြတော့တယ်။ လူတစ်ယောက်က ဖြောင့်မတ်မှန်ကန်သလိုလိုနဲ့ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနိုင်တာ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။ လူကို ရန်စနိုင်တဲ့စွမ်းရည်က သူတို့ထက်တောင် သာလွန်နေတာပဲ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now