55

8.6K 1.6K 17
                                    

Unicode

“ရင်းဆုယဲ့.. ဒီမှာပဲ ရပ်ကြည့်မနေနဲ့.. မြန်မြန်သွားကူညီလို့.. အာ…!”

ဒီလောက်အများကြီး ရှင်းပြပြီးနေတာတောင် ရင်းဆုယဲ့က ဆုံးဖြတ်ချက်မပြောင်းလဲဘဲ အောက်ကရန်ပွဲကို ပြဇာတ်ကြည့်နေသလိုမျိုး အေးအေးဆေးဆေး ရပ်ကြည့်နေလိမ့်မယ်လို့ ရွှယ်ယို့ရှန်းမှာ လုံးဝမထင်ထားခဲ့ဘူး။

အရမ်းလွန်လွန်းတယ် မဟုတ်ဘူးလား..?

သူ့မှာတော့ အတော်ကြာအောင် စိတ်ထဲလွန်ဆွဲခဲ့ရပြီးမှ ရင်းဆုယဲ့ကို ကူညီပေးဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တာလေ။ ကိုယ့်အကျိုးအတွက်တောင် ထည့်စဉ်းစားခဲ့တာမဟုတ်ဘူး။ အဲတာကို ရင်းဆုယဲ့က သူ့ကို ကျေးဇူးမတင်တဲ့အပြင် လုပ်ခိုင်းတာကို ငြင်းဆန်နေတယ်ပေါ့။ ဒါ အနုနည်းနဲ့ ဆန့်ကျင်နေတာပဲ..!

ဒီလောက်အထိ ဘယ်တုန်းကမှ စိတ်ဓာတ်မကျခဲ့ဖူးဘူး..!!!

“အင်း..”

ရင်းဆုယဲ့က ပြန်ဖြေရုံဖြေလိုက်တယ်။ သူကြားတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ သွားမယ်၊ မသွားဘူးတော့ မပြောခဲ့ဘူး။ ထိုနေရာမှာပဲ ငြိမ်ငြိမ်သက်သက်လေး အမူအရာကင်းမဲ့စွာ မတ်တပ်ရပ်နေခဲ့တယ်။

ရန်ပွဲကို ဖျန်ဖြေပေးရမယ်..? အောက်ဆင်းပြီး ဟော်ရူယန်ကို သွားမရိုက်ပစ်တာနဲ့တင် သူ့ကို ကျေးဇူးတင်သင့်နေပြီ..!

“ရင်းဆုယဲ့.. ခင်ဗျား ဘာလို့ လက်ပေါက်ကပ်နေရတာလဲ..?”

တစ်ခဏတာ အငြင်းပွားပြီးနောက် ရွှယ်ယို့ရှန်းလည်း တစ်စုံတစ်ရာကို သဘောပေါက်သွားတယ်။ ရင်းဆုယဲ့မှာ ကူညီပေးချင်တဲ့စိတ် လုံးဝ,လုံးဝမရှိဘူး။ ဒီလောက် အရေးကြီးတဲ့အချိန်မှာမှ ခက်ခဲအောင် တမင်လုပ်နေတယ်။

ဒါလူကြီးလူကောင်းတစ်ယောက်ရဲ့ အပြုအမူ ဖြစ်သင့်ရဲ့လား..? သူတောင်မှ ပြဿနာထဲတိုးဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ရင်းဆုယဲ့က မကျေမနပ်ဖြစ်စရာ ဘာအကြောင်းရှိလို့လဲ..?

“မင်းတစ်ယောက်တည်း စိုးရိမ်သောကများနေတာ..”

ရင်းဆုယဲ့ကတော့ ရှင်းတယ်။ ဟော်ရူယန်ကိုသာ လွှတ်ထားလိုက်ရင် အဲ့မိန်းမက ဟွမ်ပေ့ချန်နဲ့ တောထဲမှာ တွေ့လိမ့်မယ်။ ဒါကမှ သူလိုချင်တဲ့ အချက်ပဲ။ သူတို့နှစ်ယောက်ရင် ချောချောမွေ့မွေ့ ဆုံစည်းစေမယ်။ တကယ်လို့ သူတို့နှစ်ယောက် မတွေ့ဖြစ်ရင် ဟော်ရူယန်က သူ့အပေါ် ဘယ်လိုလုပ် သစ္စာဖောက်တော့မှာလဲ..? သစ္စာဖောက်မခံရရင် သူက အဲ့မိန်းမကို ဘယ်လိုလုပ် လက်တုံ့ပြန်လို့ရပါတော့မလဲ..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now