66

8.3K 1.6K 80
                                    

Unicode

တစ်ဖက်မှာတော့ တည်းခိုဆောင်ထဲမှာ အရှက်ကွဲခဲ့တဲ့ ဟော်ရူယန်လည်း ရင်းဆုယဲ့ထွက်ခွာသွားပြီးနောက် ထိုနေရာမှအမြန်ထွက်သွားရန် ပြင်လိုက်တယ်။ ဒါပေမဲ့ ပိုင်ယွီပြန်ရောက်လာပြီး သူမကို တားဆီးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ နဂိုကတည်းက စိတ်မကြည်နေခဲ့တဲ့ ဟော်ရူယန်ရဲ့ စိတ်အခြေအနေက အဆိုးဆုံးအနေအထားထိ ရောက်သွားတော့တယ်။ ထို့နောက် ဒေါသမထွန်းနိုင်တော့ပဲ ပိုင်ယွီနဲ့ စတင်တိုက်ခိုက်ကြတော့တယ်။

ကံမကောင်းချင်တော့ ပိုင်ယွီကို မယှဉ်နိုင်ခဲ့ဘူး။ ပိုင်ယွီကို ရှုံးနိမ့်သွားပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့တဲ့အပြင် လျော်ကြေးငွေအများကြီးလည်း ပေးလိုက်ရပြန်တယ်။ ပိုင်ယွီပြောတာတော့ ဒဏ်ရာရသွားတဲ့လူတွေအတွက် လျော်ကြေးတဲ့။ ဟော်ရူယန်တစ်ယောက် ခံပြင်းဒေါသထွက်ပေမယ့် ဘာမှမလုပ်နိုင်ခဲ့ဘူး။

ဒီလောက်သနားစရာကောင်းတဲ့ အခြေအနေမျိုး တစ်ခါမှမကြုံတွေ့ခဲ့ဖူးဘူး..!

ဟော်ရူယန်လည်း တည်းခိုဆောင်ကနေ ထွက်လာနိုင်ခဲ့ပေမယ့် ရင်းဆုယဲ့နဲ့ရွှယ်ယို့ရှန်းအပေါ် အမုန်းတရားတွေက အရင်ကထက် ပိုမိုနက်ရှိုင်းလာခဲ့လေတယ်။

အခွင့်အရေးလာတဲ့တစ်နေ့ အဆတစ်ထောင်မက ပြန်ပေးဆပ်စေရမယ်..!

အခုအချိန်မှာ သူမက ရင်းဆုယဲ့ရဲ့ ပြိုင်ဘက်မဟုတ်သေးတော့ သူတို့ကို ထပ်ပြီးရန်စရလောက်တဲ့အထိ မတုံးအ,သေးဘူး။ လက်တုံ့မပြန်နိုင်သေးတော့ ဒေါသတွေ၊ ရန်ငြိုးတွေကို နှလုံးသားထဲမှာမြိုသိပ်ထားလိုက်တယ်။

သူမရဲ့ကျင့်ကြံရေးဆင့်တက်နိုင်အောင် မြူနှင်းတောအုပ်ထဲမှာ ရတနာပစ္စည်းတွေသွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။ စွမ်းအားသာရှိရင် သူမ,လုပ်ချင်တာ အကုန်လုပ်လို့ရနိုင်တယ်။ ရင်းဆုယဲ့နဲ့ဟိုသောက်ကလေးကို သူမကိုအာခံရဲတဲ့အတွက် နောင်တရသွားစေရမယ်..!

အနာဂတ်အတွက် တွေးတောရင်း ဟော်ရူယန်လည်း မြူနှင်းတောအုပ်ရှိရာ ဦးတည်လိုက်တယ်။ ဒါပေမဲ့ ရှေ့ဆက်သွားနေရင်း တစ်ခုခုမှားယွင်းလာသလို ခံစားလိုက်ရတယ်။ သူမကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုပဲ၊ နောက်ကျောမလုံသလို ခံစားနေရတာကြောင့် အနောက်ကို လှည့်ကြည့်လိုက်ပေမယ့် ပုံမှန်မဟုတ်တာ ဘာတစ်ခုမှမတွေ့ခဲ့ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now