6

17.3K 2.6K 20
                                    

Unicode

ရွှယ်ယို့ရှန်းတစ်ယောက် သခင်-အစေခံစာချုပ်ကို ချုပ်ဆိုမိခဲ့ချေပြီ။

ပြောရမယ်ဆိုရင် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ သူ့ကို သခင်-အစေခံစာချုပ် ချုပ်ဆိုချင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ရင်းဆုယဲ့ရဲ့စာချုပ်ကို တစ်ဦးနဲ့တစ်ဦး အန္တရာယ်မပေးနိုင်အောင် တန်းတူအခွင့်အရေးတွေနဲ့ သာမာန်စာချုပ်တစ်ခုလို့ ထင်နေခဲ့တယ်။

ဒီကမ္ဘာပေါ်မှာ စာချုပ်အမျိုးအစားပေါင်း မြောက်မြားစွာရှိပြီး တူညီတာတစ်ခုက စာချုပ်ချုပ်ဆိုပြီးတာနဲ့ စာချုပ်ကို ပြန်ပြင်ခွင့်မရှိတော့ဘူး။ ထိုစာချုပ်များထဲမှ နာမည်အကြီးဆုံး စာချုပ်ကတော့ တန်းတူအခွင့်အရေးစာချုပ် ဖြစ်တယ်။

သိထားပြီးသား အချက်အလက်တွေအရ ရွှယ်ယို့ရှန်းရဲ့ အခြေအနေက နောက်ပြန်ဆုတ်ချင်ရင်တောင် ဆုတ်ခွင့်မရှိတော့တဲ့ အနေအထားကို ရောက်သွားခဲ့ပြီ။ သူ့ရဲ့သွေးကလည်း စာချုပ်နဲ့ စတင်ပေါင်းစည်းနေလေပြီ။ ဝိဉာဉ်စွမ်းအားသုံးပြီး ပြန်ယူချင်ရင်တောင် မရနိုင်တော့ဘူး။ တစ်ဖက်မှာလည်း သိပ်မကြာခင် တစ်စုံတစ်ယောက်ရဲ့ အစေခံ ဖြစ်သွားမှာဆိုတော့ ရွှယ်ယို့ရှန်းက လက်ရှိအခြေအနေကို လက်မခံနိုင်ခဲ့ဘူး။

သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ ဒီကမ္ဘာပေါ်မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာ မရှိပါဘူး။ နည်းမှန်လမ်းမှန်ကို ရှာနိုင်သရွေ့ မဖြေရှင်းနိုင်တဲ့ အခြေအနေဆိုတာမျိုး ရှိကိုမရှိတာ။ ဒါက အဓိကဇာတ်လိုက်အတွက် သူကိုယ်တိုင် အထူးစီမံထည့်သွင်းထားတဲ့ ဝတ္ထု Setting ပါပဲ။

ဇာတ်လိုက်ကို ဘယ်လိုပြဿနာမျိုးဖြစ်ဖြစ် Jedi တစ်ယောက်လိုမျိုး အလွန်အဆင်မြင့်တဲ့ အတိုက်အခိုက်စွမ်းရည်တွေနဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်အောင် ဖန်တီးထားတာဖြစ်တယ်။

(TN : Jedi ဆိုတာ နာမည်ကျော် Star Wars ရုပ်ရှင်တွေထဲက ဇာတ်ကောင်ပါ။)

အဲ့တာကြောင့် သူသာ မှန်ကန်တဲ့ နည်းလမ်းတစ်ခုခု ရှာဖွေနိုင်သရွေ့ သခင်-အစေခံစာချုပ်ကို ဖျက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now