8

15.2K 2.5K 19
                                    

Unicode

ရင်းဆုယဲ့က အရင်အတိုင်းပဲ၊ အမူအရာ မပြောင်းလဲခဲ့ဘူး။ သို့ပေမယ့် အရောင်ကွဲမျက်ဝန်းတစ်စုံကတော့ ရွှယ်ယို့ရှန်းကို သေလုမတတ် စိုက်ကြည့်လို့နေတယ်။ သူ့ရဲ့မျက်ဝန်းတွေက ရှေးဟောင်းရေတွင်းနက်ကြီးလိုမျိုး လုံးဝလှုပ်ရှားမှုမရှိဘဲ ကြောက်စရာကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေပြီး မြင်သူတိုင်းကို တုန်လှုပ်ချောက်ချားစေတယ်။

သူနဲ့မသက်ဆိုင်တဲ့ အရာတွေကို စိတ်မဝင်စားသလိုမျိုး၊ သူ့အပေါ်လည်း သက်ရောက်မှုမရှိသလိုမျိုး ထင်မြင်ရစေတယ်။

ဒီလိုမျိုး မမှိတ်မသုန် စိုက်ကြည့်ခံလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းမှာ စိတ်ဖိစီးလာတော့တယ်။ အထူးသဖြင့် သူ့ကို စိုက်ကြည့်နေတဲ့လူက အနာဂတ်ရဲ့ အကြီးဆုံးဗီလိန်ကြီး ဖြစ်နေလေတော့ စာရေးဆရာဖြစ်တဲ့ သူတောင် သေလုမတတ် အေးခဲစေတဲ့ ဒီရေခဲတုံးလူသားကြောင့် အားနည်းလာသလိုမျိုး ခံစားလိုက်ရတယ်။

“ခင်ဗျား..”

ရွှယ်ယို့ရှန်းက စူးစူးရဲရဲအကြည့်ကြောင့် ကြောက်လန့်နေမိပြီး သူတို့နှစ်ဦးကြားက အကြည့်ချင်းပြိုင်နေတာကို ဖျက်ဆီးပစ်ဖို့ရာ တစ်ခုခုပြောရန် ပြင်လိုက်တယ်။

ထိုအချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့နေတဲ့ သွေးညှီနံ့ပြင်းပြင်းကြောင့် အနားမှာရှိတဲ့ တောအုပ်ထဲကနေ 2 m (200 cm) နီးပါး အမြင့်ရှိတဲ့ ဝံပုလွေကြီးတွေ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာခဲ့တယ်။ စိမ်းတောက်နေတဲ့ မျက်လုံးတွေက ရွှယ်ယို့ရှန်းနဲ့ ရင်းဆုယဲ့ နှစ်ဦးလုံးကို ရက်ရက်စက်စက် စိုက်ကြည့်နေကြလေတယ်။ ပါးစပ်ထဲမှ ချွန်မြနေတဲ့ သွားအစွယ်တွေနဲ့ ကရုဏာကင်းမဲ့ပြီး ရက်စက်တဲ့ အပြုအမူတွေက သူတို့နှစ်ဦးလုံးကို ခုန်အုပ်ပြီး အရှင်လတ်လတ် မြိုချပစ်ချင်နေပြီဆိုတာကို ဖော်ပြလို့နေတယ်။

တစ်ဖက်လူကို ကြည့်လိုက်တော့ ရင်းဆုယဲ့က နေရာမှာတင် ခြေစုံရပ်နေပြီး လှုပ်ရှားမယ့် အရိပ်အယောင် လုံးဝမရှိတာကို ရွှယ်ယို့ရှန်း သတိပြုမိလိုက်တယ်။ အဲ့တာကြောင့် ရွှယ်ယို့ရှန်းလည်း စိတ်ပူလာခဲ့တော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now