12

13.7K 2.1K 39
                                    

Unicode

“ငါ့ကို တုံ့ပြန်တုန်းက မင်း မေ့နေတာမျိုး ဘာလို့မတွေ့ရတာလဲ..?”

ရင်းဆုယဲ့ရဲ့အသံက ပုံမှန်အတိုင်း အေးစက်နေပေမယ့် အနည်းငယ် ဘေးကိုစောင်းထားတဲ့ မျက်ဝန်းတစ်စုံက စိတ်အခြေအနေ မကောင်းဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြလို့နေတယ်။

“ခင်ဗျားက မတူဘူးလေ..”

သူ့နှလုံးသားထဲက ရှုပ်ထွေးနေတဲ့ အကြောင်းအရာတွေကို ဘယ်လိုရှင်းပြရမလဲဆိုတာ ရွှယ်ယို့ရှန်းလည်း မသိတော့ဘူး။ အဆုံးသတ်မှာတော့ ဒီလိုမျိုး အတိုချုပ်စကားလေးတစ်ကြောင်းပဲ ပြောနိုင်လိုက်တယ်။

ဗီလိန်ကြီးရင်းဆုယဲ့နဲ့ ထိပ်တိုက်မရင်ဆိုင်ရသရွေ့ သူ့ရဲ့ ခပ်မိုက်မိုက်ပုံစံကို ထိန်းထားနိုင်လိမ့်မယ်။ ဒါက သူ အရမ်းသတ္တိရှိလို့တော့ မဟုတ်ပါဘူး။ ရင်းဆုယဲ့က သူကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကောင်ဖြစ်နေလို့ပဲ။ ပြောရမယ်ဆိုရင် သူ့ကိုယ်သူ ရင်းဆုယဲ့ရဲ့ မိထွေး.. အဲ မဟုတ်သေးဘူး၊ ပထွေးလို့ ညွှန်းဆိုလို့ရတယ်။ သူက ဇာတ်လမ်းအစကနေ အဆုံးထိ ရင်းဆုယဲ့အပေါ် မကောင်းခဲ့ဘူးလေ။

ဒါပေမဲ့ ရင်းဆုယဲ့က သူ့အပေါ် အကျိုးပြုတဲ့ သားလေးပါပဲ။

အဖေက ကိုယ့်သားကိုယ်ပြန်ကြောက်ရတဲ့ အခြေအနေမျိုး ဘယ်ကမ္ဘာမှာရှိလို့လဲ..?

သူ့ရဲ့ သားကောင်းရတနာလေး ရင်းဆုယဲ့ စွမ်းအင်အဆင့်တွေ အရမ်းမြင့်သွားပြီး ရက်စက်၊ ကြမ်းကြုတ်၊ ဆိုးဝါးသွားပါစေ၊ ဘယ်လိုပဲ ခံစားချက်မဲ့နေပါစေ၊ ‘သူဖန်တီးထားတဲ့ဇာတ်ကောင်’ ဆိုတဲ့ မူလဇစ်မြစ်ကတော့ လုံးဝပြောင်းလဲသွားမှာမဟုတ်ဘူး..!

ကောင်းပြီ၊ ဝံပုလွေအုပ်ကိုလည်း သူဖန်တီးခဲ့တာပဲ။ ဒါပေမဲ့ သူတို့ကျတော့ ဘာအတွေးမှမရှိတဲ့ တိရစ္ဆာန်သာသာပဲလေ။ သူတို့နဲ့ ဆက်သွယ်လို့မရသလို၊ အကျိုးအကြောင်း သွားပြောလို့လည်း မရဘူး။ လာဘ်ထိုးလို့လည်း မရဘူး။ နောက်ဆုံး ခြိမ်းခြောက်ဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး။ သူက ဘာကောင်ကြီးပဲဖြစ်နေပါစေ၊ ဝံပုလွေတွေရဲ့ မျက်လုံးထဲမှာ အစားအစာပဲ။ ဝံပုလွေတွေနဲ့ သွားပက်သက်ရင် သေခြင်းတရားနဲ့သာ အဆုံးသတ်ရလိမ့်မယ်။ ဆိုတော့ ဝံပုလွေတွေရဲ့ အခန်းကဏ္ဍက ဇာတ်ကြောင်းအနိမ့်အမြင့်ကို ဖန်တီးဖို့သပ်သပ် တည်ရှိနေရုံပါပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now