၂၀

12.9K 1.8K 50
                                    

Unicode

အစ်ကိုဖြစ်သူ၏ ဂုဏ်သိက္ခာ

ယခုအချိန်၌ ချန်းရွှီသည် အသက် ၄၀ ရှိနေပြီ ဖြစ်၏။ သို့သော် သူ၏ ထိန်းသိမ်းမှုကြောင့် သူသည် အသက် ၂၀ ကျော် ၃၀ လူငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ ချန်းကျင်းနှင့်မတူပါဘဲ သူ၏အသွင်အပြင်က သားနားသန့်ပြန့်၍ လူကြီးလူကောင်းဆန်သည့် ဘက်သို့ ပိုရောက်၏။

ချန်းမိသားစု စီးပွားမပျက်ခင် အချိန်ကတည်းကစ ချန်းရွှီသည် ကိစ္စအများအပြားကို ကိုင်တွယ်ခဲ့ရခြင်း ဖြစ်သည်။ သူသည် အပြင်ပန်းမှကြည့်လျှင် နူးညံ့သိမ်မွေ့သည့် ပုံပေါက်သော်ငြား အမှန်မှာမူ ထိုကဲ့သို့ မဟုတ်ပါပေ။ ချန်းကျင်းသည် မိမိ၏အစ်ကိုဖြစ်သူက အမျိုးသမီးများနှင့် နီးနီးကပ်ကပ်နေလေ့ရှိ၍ တစ်ခါတလေ အချစ်ရေးရာကိစ္စများ ရှိတတ်ကြောင်းကို တစ်စွန်းတစ်စ ကြားခဲ့ရဖူးသည့်တိုင် ချန်းရွှီသည် ယခုအချိန်ထိ တစ်ကိုယ်တည်းသမား ဖြစ်နေဆဲပါပင်။

ထိုအခါက သူသည် မရီးတစ်ယောက်လိုချင် မလိုချင် မိမိကိုယ်ကို ပြန်၍မေးကြည့်ခဲ့ရာ လုံးဝမလိုချင်ကြောင်း ဟူသည့် အဖြေသာ ထွက်ခဲ့ပေ၏။ သူက တခြားလူများအတွက် စဉ်းစားမပေးတတ်ခဲ့သဖြင့် အစ်ကိုဖြစ်သူ၏ကိစ္စကို ဂရုမစိုက်မိခဲ့ခြင်းပင်။ ထို့အပြင် သူ၏အစ်ကိုဖြစ်သူမှာ သူ့အတွက်သာ ဖြစ်ရမည်။ အကယ်၍ ချန်းရွှီက သူမဟုတ်သော တခြားတစ်ယောက်ကို အလိုလိုက် ချစ်ခင်ပေးလျှင် သူသေချာပေါက် မနာလို ဖြစ်မိလိမ့်လေမည်။

သို့သော် ရင့်ကျက်လာပြီးနောက်တွင်မူ ချန်းကျင်းသည် အစ်ကိုဖြစ်သူအား အိမ်ထောင်မပြုပေးခဲ့ရသဖြင့် လွန်စွာမှ နောင်တရနေမိတော့၏။ ယခု ချန်းရွှီ၏အနားတွင် အဖော်ပြုပေးမည့်သူလည်း မရှိကာ တစ်ယောက်တည်း ဖြစ်နေရသည် မဟုတ်ပါလား။

၎င်းမေးခွန်းကို ရုတ်တရက် ကြားလိုက်ရသောအခါ ချန်းရွှီသည် ခဏမျှ ကြောင်သွားမိလေ၏။ ထို့နောက်မှ သူက ဖွဖွလေးပြုံးလာ၍ ပြန်မေးသည်။

"ဘာလို့ ရုတ်တရက်ကြီး အဲ့ဒီပုတီးစေ့တွေအကြောင်း မေးရတာလဲ"

Application For Divorce  [ 离婚申请 ] Where stories live. Discover now