၂၉

13.4K 1.8K 38
                                    

Unicode

ပူးတွဲအကောင့်

ချန်းကျင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သဖြင့် လုထောင်က သူ့အား ညအိပ်အကျႌ ဝတ်ပေးလာသည်ကိုပင် မနိုးထနိုင်ခဲ့ပါချေ။ အိပ်ပျော်နေစဉ်၌ အတော်လေး ငြိမ်သက်နေခဲ့ကာ အသက်ရှုနှုန်းများမှာလည်း ငြင်သာ၍ ထူထဲသည့် မျက်တောင်မွှေးများကလည်း မျက်နှာပြင်ထက်သို့ လောင်းရိပ်ကျနေခဲ့ပေ၏။ နှုတ်ခမ်းလွှာတို့ကမူ ယခုထိ နီမြန်းနေဆဲ ဖြစ်ကာ အသွင်အပြင် တစ်ခုချင်းစီတိုင်းအား ခြုံငုံကြည့်လိုက်ပါက ဖြူစင်သော ကလေးငယ်တစ်ယောက်အဖြစ်သာ မြင်တွေ့ရလေလိမ့်မည်။

နည်းနည်းလေးမျှ တစ်ဖက်လူ အလိုမတူပါဘဲ အတင်းအကြပ် လက်ထပ်စေသော ကောင်လေးတစ်ယောက်နှင့် မတူပါပေ။

ရက်အနည်းငယ်မျှ အတူနေထိုင်ခဲ့ပြီးနောက်တွင် ချန်းကျင်းသည်ကား လွန်စွာနှိမ့်ချတတ်၍ အမြဲတမ်းနီးပါးလည်း နာကျင်ဝမ်းနည်းတတ်ဟန် ပေါ်ကြောင်းကို သူသတိထားနိုင်ခဲ့ရလေပြီ။ ထို့ကြောင့် လုထောင်သည် အတိတ်မှမိမိက တစ်ဖက်လူအပေါ်၌ အနည်းငယ် အေးတိအေးစက် ဆက်ဆံခဲ့လေ့ရှိမှန်း ဘာသာ ခန့်မှန်းမိတော့၏။

ယနေ့ အဖွားအိမ်သို့ သွားလည်ခဲ့စဉ်ကလည်း သူသည် အဖွားဖြစ်သူအား မှတ်မိခြင်းမရှိသည့်တိုင် တစ်ဖက်လူနှင့် ရင်းနှီးခဲ့ဖူးသကဲ့သို့ အလိုလိုခံစားမိလေသည်။ သူမက အတိတ်အကြောင်းနှင့် ပတ်သက်၍ များစွာပြန်ပြောင်း ပြောဆိုခြင်း မရှိသည့်နည်းတူ သူကိုယ်တိုင်ကလည်း ၎င်းအကြောင်းအား သေးသေးမျှပင် မဟခဲ့ပါပေ။ အမှန်အတိုင်းဆိုရလျှင် လုထောင်သည် အကယ်၍များ အဖွားဖြစ်သူက သူတို့နှစ်ယောက်၏ အတိတ်ပြဿနာများအား ပြောပြလာခဲ့ပါက သူမအား တားမြစ်ရန် တွေးထားပြီးသားပင်။

ထိုအခါက သူသည် ရှုပ်ထွေးသော အတိတ်အကြောင်းအား သိလိုစိတ်မရှိခဲ့ပါချေ။

သို့သော် ယခုမူ သိချင်လာရပြီဖြစ်၏။

မိမိ၏ မည်ကဲ့သို့သော အပြုအမူမျိုးကများ တစ်ဖက်လူအား ဤမျှအထိ ခံစားစေရပါသနည်း!?

Application For Divorce  [ 离婚申请 ] Where stories live. Discover now