၆၈

12.5K 1.7K 25
                                    

Unicode

စစ်တပ်ဆေးရုံသို့ ခင်ပွန်းဖြစ်သူနှင့်အတူ
လိုက်ပါခြင်း

ချန်းကျင်းသည် ထိုနေ့မှစ၍ ခင်ပွန်းဖြစ်သူ၏မှတ်ဉာဏ်များက မှန်းထားသည်ထက် စော၍ရလာနိုင် မလာနိုင်ကိုသာ အချိန်ပြည့်နီးပါး တွေးတောနေမိလေတော့၏။ ထို့ကြောင့် လုထောင်က စစ်တပ်ဆေးရုံဆီသို့ နောက်တစ်ကြိမ်သွားရန် ဟန်ပြင်ချိန်တွင် သူသည် ပထမဆုံးအကြိမ်အနေဖြင့် ယခုကဲ့သို့ တောင်းဆိုစကား ဆိုလာမိခြင်းပါပင်။

"ကျွန်တော်ရော ခင်ဗျားနဲ့အတူ လိုက်ခဲ့လို့ရမလား?"

လွန်ခဲ့သော နှစ်ရက်ခန့်က ကြုံတွေ့ခဲ့ရပါသည့် လုထောင်၏အပြုအမူများက ချန်းကျင်း၏နှလုံးသားထက်ဝယ် ယခုအချိန်ထိ အဖုအထစ်ဖြစ်နေဆဲ။ သူ့အနေဖြင့် မည်မျှပင်တုံးအပါစေ အတိတ်မေ့ရောဂါမျိုးသည်ကား ဖြည်းဖြည်းချင်း ပြန်ကောင်းလာတတ်သည့် ရောဂါအမျိုးအစားဖြစ်ကြောင်း ကောင်းစွာ သိသေးလေ၏။ ထို့အပြင် ယခုရက်ပိုင်း တွေ့ရသော ခင်ပွန်းဖြစ်သူ၏အပြောအဆို အပြုအမူအချို့မှာလည်း မူလလူကဲ့သို့ တူညီနေလေရာ လုထောင်အနေဖြင့် မှတ်ဉာဏ်များပြန်ရနေလောက်ပြီဟု ချန်းကျင်းက ခန့်မှန်းမိခြင်းပါပင်။ သို့ဖြစ်၍ သူသည် ပို၍သေချာစေရန် ဒေါက်တာနှင့်သီးသန့်တွေ့ဆုံကာ ခင်ပွန်းဖြစ်သူ ပြန်လည်သက်သာလာမည့်ရက်အား အတိအကျ မေးမြန်းရလိမ့်လေမည်။

သူ့အနေဖြင့် လုထောင် မှတ်ဉာဏ်များပြန်မရခင် ထွက်ခွာသွားမှ ဖြစ်မည်ပင်။

ခင်ပွန်းဖြစ်သူက ပေးအပ်လာလည့် ဂရုစိုက်မှု၊ ချိုမြိန်မှု အရေးပေးမှု အားလုံးကိုခံစားရပြီးနောက် ချန်းကျင်းသည် အတိတ်နှင့်ပစ္စုပ္ပန်ကြားမှ ခြားနားချက်များစွာကို ပြတ်ပြတ်သားသား သိရှိခဲ့ပြီးပြီဖြစ်၍ လက်လွှတ်ရန်တွေးလိုက်မိသည့်အခါတိုင်း ဝမ်းနည်းရလေ၏။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ဘာမျှမလုပ်ဘဲ ငြိမ်နေ၍လည်း မဖြစ်ပါချေ။ သိရှိဖို့ လိုအပ်သည်များကို ကြိုတင်သိရှိထားမှ ရပေမည်။ သို့မှသာ နောက်တစ်ချိန်တွင် အမှတ်တရကောင်းများကိုသာ ထွေးပိုက်၍ လက်ကျန်အချိန်များကို ကုန်ဆုံးနိုင်မည် မဟုတ်ပါလား။

Application For Divorce  [ 离婚申请 ] Where stories live. Discover now