၉၈

15.1K 2K 100
                                    

Unicode

ယစ်မူးဖွယ်အနမ်းများ ဖလှယ်ခြင်း

မည်သို့ပင်ဆိုစေကာမူ အစ်ကိုဖြစ်သူအား ရန်းချီနှင့်ဆက်ဆံရေးအကြောင်း မေးမြန်းရသည်က ချန်းကျင်းအတွက် တစ်နည်းတစ်ဖုံ အခက်တွေ့ရသည်ပင်။ သူသည် သူ၏အစ်ကိုဖြစ်သူကလည်း တစ်ဖက်လူနှင့်အတူတူဖြစ်မည်ဟု ဘာသာမှန်းဆမိ၏။ မဟုတ်လျှင် အဘယ်ကြောင့်များ ချန်းရွှီက သူ့ကို ၎င်းအကြောင်းအား ဖုံးကွယ်ထားပါလိမ့်မည်နည်း?

တစ်ဖက်မှနေရာက လိုင်းဆွဲအားသိပ်မကောင်းသောကြောင့် ဗီဒီယိုကောလ်အစား အသံကောလ်ဖြင့်သာ ဆက်သွယ်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အစ်ကိုဖြစ်သူနှင့် မျက်နှာချင်းမဆိုင်ရသည့်အတွက် အနည်းငယ် တော်ပါသေး၏။

သို့နှင့် လိုင်းချိတ်ပြီးနောက်တွင် ချန်းရွှီက အလျင်စလိုနှင့် သူတို့ဘေးကင်းကြောင်း ဘာညာ မေးမြန်းမလာပါဘဲ ထိုအစား ဤကဲ့သို့သာ တည်ငြိမ်စွာဖြင့် စကားဆိုလာလေသည်။

"ဒီမှာက အရမ်းအေးတယ်။ အဲ့ဒါကြောင့် မင်းနဲ့မသင့်တော်ဘူး ရှောင်ကျင်း။ ပြီးတော့ အခု မင်းရဲ့ဗိုက်ထဲမှာ ရင်သွေးလေးလည်း ရှိနေပြီ။ လုထောင်နဲ့ပြန်လိုက်သွားတာကသာ မင်းအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မယ်"

ထိုအခါ ချန်းကျင်းသည် အနည်းငယ် နေရခက်သွားဟန်ဖြင့် တစ်ဖက်ရှိ လုထောင်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်မိ၏။ ထို့နောက်မှ သူက ချန်းရွှီအား စကားပြန်ဆိုသည်။

"ဒါဆို ကိုကြီးကရော ဘယ်လိုလုပ်မလဲ? ကို..ကိုကြီးက အင်ပါယာကမ္ဘာကို ပြန်မလာတော့ဘူးလား?"

"အချိန်တစ်ခုကြာတဲ့အထိတော့ ကိုကြီး ပြန်လာဖြစ်မှာ မဟုတ်ဘူး။ ကိုကြီးက ဒီမှာနေပြီး အားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင်တာလေ။ ပြီးတော့ အဖေ့ကိုလည်း မင်းစိတ်ပူစရာမလိုပါဘူး။ ကိုကြီး သေချာ ဂရုစိုက်လိုက်ပါ့မယ်။ အဲ့ဒါကြောင့် နောက်ဆံတင်းမနေဘဲ စိတ်သက်သက်သာသာနဲ့ ပြန်လိုက်သွားပြီး ကလေးကိုပျိုးထောင်"

Application For Divorce  [ 离婚申请 ] Where stories live. Discover now