၉၄

16.3K 2.4K 427
                                    

Unicode

အကြင်သူ့အား မည်သည်ကိုမျှ
ဖုံးကွယ်ထား၍မရနိုင်

အမှန်အတိုင်းဆိုရလျှင် ချန်းကျင်းသည် လုထောင်ဆီမှ "ကိုယ် မင်းကို တစ်နေရာ ခေါ်သွားစရာရှိတယ်" ဟူသော စကားကြားပြီးနောက် နေ့တိုင်းနီးပါး စိတ်မသက်မသာဖြစ်နေခဲ့ရ၏။ ထို့အပြင် တစ်ဖက်လူ၏ရည်ရွယ်ချက်ကိုလည်း ဉာဏ်မီသလောက် ခန့်မှန်းနေခဲ့မိသည်။ ပူးတွဲအကောင့်ဖွင့်ဖို့များလား ဟူသည့် အတွေးမျိုးကိုလည်း သူတွေးခဲ့မိဖူးပါ၏။ သို့သော် လူထောင် သူ့အား ဆက်ဆံသည့်အပြုအမူများကို ထည့်သွင်းစဉ်းစားကြည့်လိုက်သည့်အခါ ၎င်းအတွေးက နည်းနည်းလေးမျှပင် ဖြစ်နိုင်ချေမရှိတော့ပါချေ။ ထိုအစား သူ့ကို ကွာရှင်းရန်အတွက် ခေါ်သွားသည်မျိုးကသာ ရာနှုန်းပြည့်နီးပါး ဖြစ်နိုင်ချေ ရှိနေခဲ့သည်ပင်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ ချန်းကျင်းသည် ၎င်းအဖြေကို ကိုယ်တိုင် ကြားခဲ့ရလေပြီ။ သို့သည့်တိုင် သူမယုံကြည်နိုင်ခဲ့ပါ။

ချန်းကျင်းသည် လုထောင်ကို မျက်လုံးအပြူးသားနှင့် မယုံကြည်နိုင်စွာ စိုက်ကြည့်လာခဲ့ကာ တစ်ခုခုပြောတော့မည့်နှယ် နှုတ်ခမ်းအလွှာကို ဟလာခဲ့မိ၏။ သို့သော် အဆုံး၌မူ မည်သည့်စကားမျှ ထွက်ကျမလာခဲ့။

ထိုအခါ လုထောင်က ဆိုသည်။

"မင်းရဲ့ကွာရှင်းခွင့်လျှောက်လွှာ အကျုံးမဝင်ခဲ့တာက စစ်တပ်ဆိုင်ရာ အိမ်ထောင်မှုကာကွယ်ရေးစနစ်ကြောင့်ပဲ"

ချန်းကျင်းကမူ ယခုအချိန်ထိ မယုံမကြည်နိုင် ဖြစ်နေဆဲ။ သူက လွန်စွာမှ အံ့အားသင့်သွားဟန်ဖြင့် ဤကဲ့သို့ အလိုအလျောက် အမေးပြန်ဆိုမိသည်။

"ဒါပေမဲ့ အဲ့ဒါက ခင်ဗျားဖွင့်ထားမှ ဖြစ်တာလေ..ဘယ်လိုလုပ်ပြီး!?"

အင်ပါယာကမ္ဘာတွင် အရာရှိပုဂ္ဂိုလ်များအနေဖြင့် နေရာတိုင်း၌ အထူးအခွင့်အရေးများကို ခံစားနိုင်ခွင့်ရှိရာ အိမ်ထောင်မှုရေးရာတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ရ၏။ "စစ်တပ်ဆိုင်ရာ အိမ်ထောင်မှုကာကွယ်ရေးစနစ်" ဟူသည်ကား အိမ်ထောင်ရေးရာကိစ္စများကို ထိန်းသိမ်းပေးသည့် စည်းမျဉ်းမျိုး ဖြစ်သည်။ အကယ်၍ ၎င်းစနစ်ကိုသာ ဖွင့်ထားခဲ့မည်ဆိုလျှင် အိမ်ထောင်ရေး၌ မည်သည့်ပြောင်းလဲမှုမျိုးပင် ဖြစ်လာပါစေ ကာယကံရှင်နှစ်ဦးလုံးကိုယ်တိုင် အတည်ပြုပါမှ အကျုံးဝင်မည်ပင်။ အထူးသဖြင့် ၎င်းစနစ်မှာ ကွာရှင်းသည့် အခြင်းအရာအတွက် ရည်ရွယ်ကာ ကြိုတင်ပြင်ဆင် ထားခြင်းမျိုးလည်း ဖြစ်ရလေသည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now