၄၅

13.2K 1.6K 32
                                    

Unicode

ရီကျောက်ကမ္ဘာတစ်ပတ် လှည့်လည်ခရီးသွားခြင်း

လုထောင်တို့၏ကားသည် ရီကျောက်ကမ္ဘာဆီသို့ မနက် ၈ နာရီခန့်၌ ဆိုက်ရောက်လာခဲ့၏။ ပုံမှန်အားဖြင့်ဆိုရလျှင် လက်ရှိအချိန်သည်ကား အင်ပါယာကမ္ဘာ၌ ညအခါသို့ရောက်နေမည် ဖြစ်သည့်တိုင် ယခုကမ္ဘာတွင်မူ နေလုံးကြီးက ကောင်းကင်ထက်၌ တောက်ပနေဆဲဖြစ်ကာ အမှောင်ဖုံးဖို့လည်း အချိန်အများကြီး လိုသေးသည်ပင်။

နောက်ဆုံးရပ်နားရာ ကားဂိတ်သို့ ရောက်သောအခါ ကားအတွင်း၌ သူတို့နှစ်ဦးသာ ကျန်ရှိနေခဲ့ရလေသည်။ ၎င်းနောက် ကားဂိတ်အတွင်း တဖြည်းဖြည်း လမ်းလျှောက်ဆင်းလာချိန်တွင် ကားဂိတ်ထဲ၌ လူအနည်းငယ်သာ ရှိကြောင်းတွေ့ရသဖြင့် ချန်းကျင်းမှာ အနည်းငယ်မျှ အံ့ဩသွားရတော့၏။

"ဒါလင် ဒီကမ္ဘာရဲ့ လူဦးရေက အရမ်းနည်းလို့လားဟင်"

လုထောင်က သူတို့နှစ်ယောက်လုံး၏ ခရီးဆောင်အိတ်များအား ကိုင်ဆွဲလျက် ပြန်ဖြေသည်။

"ရီကျောက်ကမ္ဘာရဲ့လူဦးရေက စုစုပေါင်း ၁၃၀ မီလီယမ်နဲ့ အဆင့် ၁၉ မှာရှိတာလေ။ လူမနည်းပါဘူး"

"ဟင်?"

ချန်းကျင်းသည် အနည်းငယ် နားမလည်နိုင်ဟန်ဖြင့် ဘာသာရေရွတ်မိ၍ ကားဂိတ်တစ်ခုလုံးအတွင်းသို့ သေချာကြည့်ရှုလာပေ၏။

"တကယ်ပဲ အဲ့ဒီလောက်တောင် လူတွေအများကြီးရှိတာလား"

သို့သော် ခဏမျှ လမ်းလျှောက်ပြီးနောက်တွင် ချန်းကျင်းသည် ၎င်းလူဦးရေအကြောင်းအား ဆက်၍ ဂရုမစိုက်နိုင်တော့ပါချေ။ သူ၏အနောက်ဘက်တင်ပါးအတွင်းမှာ တဖြည်းဖြည်းနှင့် စိုစွတ်လာနေလေပြီ။

အစောပိုင်းမှထုတ်လွှတ်ခဲ့သော လုထောင်၏သုတ်ရည်များက ယင်းအခြင်းအရာ၏နောက်ကွယ်မှ တရားခံဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိတော့။ ထိုလူသားနှစ်ယောက်သည်ကား အတွဲခုံထက်၌ နှစ်ကြိမ်တိတိပြုလုပ်ခဲ့ခြင်းဖြစ်၍ တစ်ကြိမ်ချင်းစီတိုင်းကလည်း အတော်လေး ကြာမြင့်ခဲ့ရသည်ပင်။ ထို့အပြင် ပြီးဆုံးချိန်၌ လုထောင်သည် သူ့အား သန့်ရှင်းရေးလုပ်ပေးရန်ကိုလည်း တမင်သက်သက် မေ့ချင်ယောင်ဆောင်ခဲ့သေးသည်။ ထို့ကြောင့် ချန်းကျင်းမှာ တစ်ဖက်လူ၏သုတ်ရည်များအား အတွင်းသားများထဲ၌ ထိန်းသိမ်းလျက်နှင့် အပြင်သို့ဆင်းထွက်လာခဲ့ရန်သာ တတ်နိုင်ခဲ့ပေတော့၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now