၂၇

13.4K 1.6K 17
                                    

Warning : Sexual content alert!

Unicode

My Little Bitch Kitty

ချန်းကျင်း၏အိပ်ရာကုတင်သည်ကား အရမ်းမကျယ်ပါချေ။ သူက ၎င်းအောက်ဘက်သို့ ပစ်ဝင်လိုက်ချိန်၌ စောင်အခင်းက သူ့အပေါ် လုံရုံမျှသာ ဖုံးမိလေ၏။

သို့သည့်တိုင် လုထောင်က သူဝင်ပုန်းသည်ကို အစအဆုံး မြင်လိုက်ရပြီဖြစ်သဖြင့် စောင်က ဖုံးပေးသော်ငြားလည်း အသုံးမဝင်ပါပေ။

ထို့အပြင် သူ၏အရုပ်ဘူးလေးကလည်း ကြမ်းပြင်ထက်တွင် ရှိနေဆဲ မဟုတ်ပါလား!

ချန်းကျင်းသည် အလွန်အမင်း ရှက်ရွံနေမိပြီဖြစ်ရာ အောက်ဘက်ကြမ်းပြင်ထဲသို့ တွင်းတူး၍ ဝင်ပုန်းချင်စိတ်များပင် ဖြစ်တည်လာရတော့၏။ ရုတ်တရက် သူသည် သူ့ကိုယ်ပေါ်၌ အဝတ်တစ်စမျှ မကပ်ကြောင်းကိုလည်း အမှတ်ရသွားမိသည်။ သို့သော် ချန်းချန်း၏ကျေးဇူးကြောင့် ကြမ်းပြင်ထက်ဝယ် ဖုန်တစ်စမျှ ရှိမနေခဲ့ပါပေ။ သူက ထိုကဲ့သို့ ကုတင်အောက်၌ ကျုံ့ကျုံ့ကလေး ပုန်းနေချိန်တွင် လက်တစ်ဖက်က အိပ်ရာအစွန်းမှ ထွက်ပေါ်လာခဲ့လေ၏။ ထို့နောက် သူအနှစ်ခြိုက်ရဆုံးသော အကြင်သူက အပြုံးတစ်ပွင့်ကို ဆင်မြန်းလျက် စကားဆိုလာခဲ့သည်။

"ထွက်လာခဲ့.. "

ချန်းကျင်းသည် လုထောင်ကို မျက်နှာချင်းဆိုင်ရန်အတွက် အတော်လေး ရှက်ရွံ့နေမိလေပြီ။ သူက ခေါင်းကိုအောက်ငုံ့ထားရင်းကပင် တတွတ်တွတ် ပြောလာ၏။

"ကျွန်တော့်ကို မကြည့်နဲ့။ မကြည့်နဲ့လို့..အဲ့ဒါကျွန်တော်မဟုတ်ဘူး!"

အမှန်မှာမူ ချန်းကျင်းသည်ကား ငယ်စဉ်ကတည်းက ထိုကဲ့သို့ ဖြစ်လေ၏။ သူက အမှားတစ်ခုခုလုပ်မိချိန် သို့မဟုတ် မလုပ်သင့်တာတစ်ခုခု လုပ်မိ၍ ရှက်မိချိန်မျိုးတွင် သူ့ကိုယ်သူ "ကျွန်တော် မဟုတ်ဘူး" ဟူ၍ တတွတ်တွတ် ဆိုရင်း ငြင်းဆိုလေ့ရှိခဲ့ဖူးသည်။ သူ၏အဖေနှင့်အစ်ကိုဖြစ်သူ နှစ်ယောက်လုံးမှာ ၎င်းအပြုအမူအား ချစ်ဖို့ကောင်းသည်ဟု မြင်ခဲ့ကြသောကြောင့် ထိုကဲ့သို့ မလုပ်သင့်ကြောင်း ဆုံးမပေးရမည့်အစား အလိုလိုက် သဘောကျနေပေးခဲ့ခြင်းပင်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now