၄၉

12.8K 1.7K 86
                                    

Unicode

ခင်ပွန်းဖြစ်သူထံမှ နှစ်သိမ့်မှုအား တောင့်တခြင်း

အဓိကရုဏ်းဖြစ်ရာ ဧရိယာသည်ကား ဟိုတယ်နှင့် အရမ်းမဝေးရပါချေ။ ထို့ကြောင့် အချိန်နှင့်အမျှ ဗုံးပေါက်ကွဲသံများလည်း ကြားနေနိုင်၏။ ချန်းကျင်းသည် လုထောင်၏လုံခြုံရေးအား လွန်စွာမှ စိုးရိမ်နေမိသဖြင့် တစ်ဖက်လူထံသို့ မက်ဆေ့ချ်တစ်စောင်မျှ ဖြစ်ဖြစ် ပို့ရန် အကြိမ်ပေါင်းများစွာ ဟန်ပြင်နေမိသည်။ သို့သော် တစ်ဖက်တွင်လည်း သူသည် ခင်ပွန်းဖြစ်သူအား အနှောင့်အယှက် ပေးမိမည် စိုးပြန်သေးရာ အဆုံး၌ ဆက်သွယ်ခြင်းမပြုတော့ပါဘဲ တိတ်တဆိတ် သည်းခံရန်သာ တွေးလိုက်တော့လေ၏။

ချန်းကျင်းသည်ကား ဟိုတယ်၏ အောက်ထပ်နှင့် အခန်းရှိရာအပေါ်ဆုံးထပ်သို့ ခေါက်တုံ့ခေါက်ပြန် သွားလျက်။ သူ၏အဓိကရည်ရွယ်ချက်မှာ အပြင်ဘက်မှ အခြေအနေများအား တစ်စက္ကန့်မလပ် သိရှိနိုင်ရန်နှင့် တက္ကစီဦလေးကြီးအား နီးစပ်ရာဆေးရုံသို့ ချောမွေ့စွာ ပို့ဆောင်ပြီးကြောင်း အတည်ပြုရန်ပင်။

ထို့နောက် တဖြည်းဖြည်းနှင့် အခြေအနေများက တည်ငြိမ်စပြုလာလေရာ ချန်းကျင်းသည် အပြင်သို့ ထွက်ရန်ဟန်ပြင်မိလေတော့၏။ ထိုအခါ တစ်ဖက်မှ ကောင်တာရှိမန်နေဂျာက သူ့အား ကပျာကယာ တားမြစ်လာရသည်။

"သခင်လေးချန်း အခုချိန် အပြင်မှာ မလုံခြုံသေးပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး မထွက်ပါနဲ့"

"ဒါပေမဲ့.."

ချန်းကျင်းသည်ကား ခင်ပွန်းဖြစ်သူ၏ လုံခြုံရေးနှင့်ပတ်သက်၍ လွန်စွာမှ စိုးရိမ်ပူပန်နေမိပြီ ဖြစ်၏။ သို့သော် မိမိက ဘာမျှအသုံးမဝင်ကြောင်း ဘာသာ တွေးမိသောအခါ ယခုကဲ့သို့ ကိုယ့်သေတွင်းကိုယ် တူးသည့်လုပ်ရပ်မျိုးအား လက်လွှတ်လိုက်ရန်သာ ဆုံးဖြတ်မိတော့လေသည်။

ဟိုတယ်အခန်း၏ ဧည့်ခန်းကြီးအတွင်း၌ မြင်တွေ့နေကျဖြစ်သော လူတစ်ယောက်က ပျောက်ဆုံးနေသောကြောင့် တစ်ခန်းလုံးမှာ ဘာမျှမရှိသကဲ့သို့ လစ်ဟာလျက်။ ချန်းကျင်းသည် ဧည့်ခန်းအတွင်းသို့ တိတ်တိတ်လေး လျှောက်လာ၍ ဆိုဖာခုံထက်၌ ထိုင်ကာ လုထောင်၏အပြန်အား စောင့်ရန် တွေးလိုက်၏။ သို့သော် မကြာမီမှာပင် သူသည် တစ်ဖက်လူအား စောင့်ရင်း ဆိုဖာထက်တွင် ကွေးကွေးလေး အိပ်ပျော်သွားရသည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now