၃၀

13.4K 1.7K 55
                                    

Unicode

မင်းက ကိုယ့်အမှားကို မသိပါဘူး!!

လုထောင် အတိတ်မေ့ပြီးနောက်ပိုင်းတွင် မိတ်ဆွေ အတော်များများသည် သူနှင့်ပို၍ ရင်းနှီးရန်ကြိုးစားလာကြ၍ ပါတီပွဲနှင့် စားသောက်ပွဲမျိုးစုံကိုလည်း ဖိတ်ခေါ်ခြင်း ပြုကြလေ၏။ လုထောင်သည်လည်း ဖိတ်ကြားမှုတိုင်းအား ငြင်းဆန်ခြင်းမပြုပါဘဲ တက်ရောက်စမြဲပါပင်။ အကြောင်းမှာ သူကိုယ်တိုင်ကလည်း ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သူဖြစ်သောကြောင့် ၎င်းပြိုင်ပွဲများအား ပါဝင်ဆင်နွှဲခြင်း ဖြစ်လေ၏။

ပုံမှန်အားဖြင့် ပြိုင်ပွဲတိုင်းတွင် အဖိုးတန်ဆုများ ချီးမြင့်လေ့ရှိလေရာ လုထောင်သည် ပါတီပွဲမှ ပြန်လာသည့်အခါတိုင်း သူအနိုင်ရခဲ့သမျှ ဆုပစ္စည်းများကို ချန်းကျင်းဆီ ယူလာလေ့ရှိပေသည်။

ယခုတစ်ခေါက် လုထောင်ယူလာသည့် ဆုသည်ကား မိုးပြာရောင်ကျောက် လက်ကောက်တစ်ခုပင်။ ချန်းကျင်းသည် ၎င်းလက်ကောက်အား မြင်မြင်ချင်း သဘောကျမိသည့်အပြင် ၎င်းနောက် လက်ကောက်အတွင်းဘက်မှ ထွင်းထားသော လက်မှတ်ကို မြင်သောအခါ အနည်းငယ် အံ့ဩမိသွားရလေ၏။

"ဒါက ဆရာချွမ်းရဲ့ တန်ဖိုးမြင့် လက်ရာတစ်ခုပဲ။ ဘယ်သူကများ ဒါကိုဆုအဖြစ် သတ်မှတ်ပေးထားတာပါလိမ့်?"

"မသိဘူးလေ"

လုထောင်ကမူ နောက်ကွယ်မှ အကြောင်းနှင့်ပတ်သက်၍ စိတ်ဝင်စားမှု ရှိမနေခဲ့ပါပေ။ သူသည် ၎င်းဆုပစ္စည်းအား မြင်လိုက်သည့် တစ်ခဏ၌ ၎င်းပစ္စည်းမှာ မိမိလက်တွဲဖော်လေး၏ အကြိုက်နှင့် ကိုက်ညီသည်ဟု တွေးမိသောကြောင့် ပြိုင်ပွဲအား ဝင်ပြိုင်ကာ ပထမဆုရအောင် ယူခဲ့ခြင်းပင်။

"ဆရာချွမ်း ဆိုတဲ့လူက နာမည်ကြီးလို့လား"

ချန်းကျင်းက ခေါင်းငြိမ့်ပြလာ၍ အလေးအနက် ပြန်ဖြေ၏။

"အင်း။ သူက ကျောက်မျက်ရတနာတွေထဲမှာ နီလာလေးတွေ ထည့်မြှုပ်ပြီး ပုံဖော်ရတာကို အရမ်းသဘောကျတဲ့ ပညာရှင်လေ။ ငယ်ငယ်က ကျွန်တော့်ကိုကြီးက သူ့ရဲ့အလုပ်ခန်းကို ခေါ်သွားပေးဖူးတယ်။ တစ်ခန်းလုံးက အပြာရောင်ကျောက်တွေနဲ့ တောက်ပနေပြီး အရမ်းလှတာပဲ"

Application For Divorce  [ 离婚申请 ] Where stories live. Discover now