၁၀၁

16.1K 1.9K 86
                                    


Warning : Sexual content alert!

Unicode

ချန်းကျင်းမသိခဲ့သော အမှန်တရားတစ်ခု

လုထောင်ကသာ မူးမနေခဲ့လျှင် သို့မဟုတ် လက်ရှိအခြေအနေကသာ ပုံမှန်အတိုင်း ထူးမခြားနား ဖြစ်နေခဲ့မည်ဆိုလျှင် ချန်းကျင်းအနေဖြင့် ၎င်းစကားမျိုးကို ပြောရဲလိမ့်မည် မဟုတ်ပါချေ။ စပြောမိချင်းတွင် သူသည် အနည်းငယ် စိုးထိတ်နေခဲ့မိ၍ နောက်ပိုင်းတွင်မူ တဖြည်းဖြည်း နောင်တရသွားမိလေ၏။ သို့သော် တစ်ဆက်တည်းပင် ကိုယ့်ကိုယ်ကို အားပေးဖို့ သတ္တိများလည်း ပေါ်လာခဲ့ရသည်။

၎င်းက ဤအတိုင်း မေးရုံမျှသာ! အကယ်၍ အငြင်းခံရမည်ဆိုလျှင်တောင် အဆင်ပြေပါ၏။ ဘာမျှမလုပ်ဘဲ မကြိုးစားခဲ့သည်ထက်စာရင်တော့ တော်သေးသည် မဟုတ်ရပါလား။

လုထောင်က သူ့အား စိုက်ကြည့်လာ၍ တစ်ခဏမျှကြာပြီးနောက် စကားဆို၏။

"အဆင်မပြေဘူး"

ထိုအခါ ချန်းကျင်းက ခပ်ဖွဖွ မျက်မှောင်ကြုတ်မိသည်။

"ကျွန်တော့်ကိုယ်ဝန်ကြောင့်လား? ဒါပေမဲ့ ဆရာဝန်ကပြောတာ အခုကာလက အဆင်ပြေပြီတဲ့လေ"

၎င်းနောက် သူသည် သတ္တိရှိရှိနှင့် ခပ်မတ်မတ်ပြန်ထိုင်လိုက်ကာ လုထောင်၏လက်ဖဝါးပြင်ကို ပွတ်သပ်လာရင်း ညုတုတုဆို၏။

"ကျွန်တော်..လိုချင်နေပြီ"

မျက်ဝန်းများအတွင်း၌ကား ရေခိုးရေငွေ့များ အပြည့်။ ထို့အပြင် သူ၏ပုံစံမှာ ရိုကျိုးသည့် ဇနီးသည်တစ်ယောက်ပမာ တူနေကာ အထူးသဖြင့် ဆွဲဆောင်နေသည့်ဘက်သို့ ပိုရောက်လေသည်။ ထိုအခါ လုထောင်သည်လည်း မနေနိုင်ပါဘဲ တစ်ဖက်လူ၏ထောင်မတ်မတ် ပစ္စည်းလေးကို ဆုပ်ကိုင်လာမိ၍ အကြိမ်အနည်းငယ်မျှ ခပ်ဖွဖွ ပွတ်သပ်လာခဲ့ပေ၏။ ၎င်းလှုံ့ဆော်မှု၏အကျိုးဆက်က ချန်းကျင်းအား ကြောင်ကလေးတစ်ကောင်နှယ် ညုတုတု ညည်းလာစေခြင်းပင်။ ထို့အပြင် ချန်းကျင်း၏နီစွေးစွေး နှုတ်ခမ်းအလွှာလေးကလည်း မျက်စိရှေ့တွင် တိုက်ရိုက်ကျရောက်နေသောကြောင့် လုထောင်သည် အဆုံး၌ သူ၏နှုတ်ခမ်းကို ဖွင့်ဟလာခဲ့လေတော့၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now