၉၅

16.9K 2.2K 144
                                    

Unicode

ဖုံးကွယ်ထား၍မရနိုင်သော လိုအင်ဆန္ဒများ

အိမ်ထောင်သက်တမ်း ၇ နှစ်ဟူသော ကာလအတွင်းတွင် နှစ်ဦးသားကြားမှ အနမ်းအရေအတွက်မှာ လွန်စွာမှ နည်းပါးလှ၍ ၎င်းတို့အားလုံးကလည်း ချန်းကျင်းဘက်မှ အစပျိုးခဲ့ခြင်းမျိုးနှင့် ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ခြင်းမျိုးသာ ဖြစ်ခဲ့ရသည်ချည်းပင်။ ယခုကဲ့သို့ လုထောင်ဘက်မှစ၍ နမ်းရှိုက်သောအခြင်းအရာမျိုးမှာ တစ်ခါမျှပင် မရှိခဲ့ဖူးပါချေ။

တစ်ဖက်လူ၏နှုတ်ခမ်းလွှာများနှင့် လျှာဖျားများက တက်ကြွမှုအပြည့်နှင့် ကောင်းမွန်သည့်တိုင် လက်တွေ့လှုပ်ရှားမှုများကမူ ကျွမ်းကျင်မှုမရှိသကဲ့သို့ ဖြစ်နေခဲ့ရ၏။ ၎င်းက ရိုးရိုးရှင်းရှင်းလေး လျက်ခဲ့၍ ကိုက်ယူခဲ့ခြင်းမျိုးသာ။ သို့သော် ဤလှုံ့ဆော်မှုသေးသေးလေးက ချန်းကျင်းအား ရှော့ခ်ရသွားစေနိုင်သည်အထိ လုံလောက်နေခဲ့ပေပြီ။

လုထောင်က သူ၏နှုတ်ခမ်းပါးများအား အဆုံးသတ်အနေဖြင့် ခပ်ဖွဖွ ကိုက်ရင်း ဆုတ်ခွာသွားသည့်တိုင် သူသည်ကား သတိပြန်မဝင်ဘဲ မယုံကြည်နိုင် ဖြစ်နေဆဲ။ ကိုယ်ခန္ဓာတစ်ခုလုံးကလည်း ရေခဲတမျှ အေးခဲသွားရကာ မျက်လုံးအပြူးသားနှင့် မည်သည်ကိုမျှ အာရုံစိုက် ကြည့်နိုင်ခြင်းလည်း မရှိတော့။

တစ်ဖက်မှ လုထောင်သည်လည်း ဇနီးဖြစ်သူ၏ ၎င်းကဲ့သို့သော တုံ့ပြန်မှုကြောင့် အတော်လေး အံ့အားသင့်သွားခဲ့ရသည်ပင်။ ထို့အပြင် မျက်နှာထားကလည်း အနည်းငယ် မကြည်မသာဖြစ်သွားရ၏။ ခဏကြာပြီးနောက်မှ သူက ကိုယ်ကိုပြန်မတ်လိုက်ရင်း တည်တည်ငြိမ်ငြိမ် စကားဆိုလာခဲ့ပါသည်။

"အဲ့ဒီတော့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို အခု နားလည်ပြီလား?"

ကျိန်းသေပေါက် ချန်းကျင်းသည်လည်း တစ်ဖက်လူ၏ရည်ရွယ်ချက်ကို ကောင်းစွာနားလည်သွားခဲ့လေပြီ။ သို့သည့်တိုင် သူသည် အပြည့်အဝ မယုံကြည်နိုင်သေး။ သူ့ကို နှစ်အတန်ကြာအောင် မုန်းကာ လျစ်လျူရှုခဲ့သော ခင်ပွန်းသည်က သူ့အပေါ် ရုတ်တရက်ကြီး ခံစားချက်ရှိကြောင်း ဖွင့်ဟလာခဲ့သည်။ သူ့နေရာတွင် အခြားသူဆိုရင်လည်း သူ့နည်းတူ ကြောင်အမ်းသွားကာ ရှော့ခ်ရနေမိမည် မဟုတ်ပါလား။

Application For Divorce  [ 离婚申请 ] Where stories live. Discover now