၁၀၀

14.8K 1.8K 122
                                    

Unicode

ကျွန်တော်တို့ sex လုပ်ကြမလား?

ချန်းကျင်းသည်ကား ငယ်စဉ်ကတည်းကစ ဖြစ်ဖြစ်ထွန်းထွန်း လုပ်နိုင်သောအရာဟူ၍ သိပ်မရှိခဲ့သည့်တိုင် အယ်လ်ကိုဟောလ်ခံနိုင်ရည်ကတော့ အတော်လေး ကောင်းသည်ဟု ဆိုရမည်ပင်။ ၎င်းအတွက် အထူးသီးသန့် လေ့ကျင့်ထားခြင်းမျိုးကြောင့် မဟုတ်ရပါချေ။ ဖြစ်နိုင်သည်မှာ ချန်းမိသားစုများ၏ဗီဇကိုက အယ်လ်ကိုဟောလ်နှင့်ပတ်သက်၍ တုံ့ပြန်နိုင်စွမ်း နည်းတတ်သောကြောင့် ဖြစ်လိမ့်လေမည်။ သို့ဖြစ်၍ လွယ်လွယ်ကူကူ မူးမသွားနိုင်ခြင်းသာ။

အမှန်အတိုင်းဆိုရလျှင် ချန်းကျင်းသည် အရက်သောက်ရသည်ကို သိပ်သဘောမကျပါပေ။ သူ့အနေဖြင့် အကောင်းစားဝိုင်များကို အရသာခံဖူးကောင်းခံဖူးလိမ့်မည်။ သို့သော် တမ်းတမ်းစွဲဖြစ်သည်အထိတော့ မနှစ်သက်မိခဲ့။ သို့သော် ယခင်က ပါတီပွဲများစွာကို တက်ခဲ့ဖူးခြင်း၏ကျေးဇူးကြောင့် အရက်သောက်ပြီးနောက် လူတစ်ယောက်က အရက်မူးမမူးကို တိတိကျကျ ခွဲခြားနိုင်နေလေပြီ။

နှစ်ဦးသားသည်ကား အတိတ်တွင် တစ်ခါမျှ အတူတူမသောက်ခဲ့ဖူးသဖြင့် ချန်းကျင်းသည်လည်း လုထောင်၏အယ်လ်ကိုဟောလ် ခံနိုင်စွမ်းပမာဏကို မသိနိုင်ခဲ့ပါချေ။ ယုတ်စွအဆုံး လုထောင် အရက်သောက်သည်ကိုတောင် ဤတစ်ခေါက်မှ သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့နိုင်ခဲ့ခြင်းပင်။ သို့သော် ရံဖန်ရံခါတွင်တော့ အကြင်သူ့ဆီမှ အရက်နံ့အချို့ကို ခပ်ပျံ့ပျံ့ ရခဲ့ဖူးပါ၏။ ထို့အပြင် သူသည် စရိုက်ကွဲလုထောင်နှင့်လည်း သစ်သီးဝိုင်အချို့ကို သောက်ခဲ့ဖူးသေးသည်။ သို့သော် တစ်ဖက်လူ၏သောက်နိုင်စွမ်းက ဤမျှထိ ညံ့လှကြောင်းကိုတော့ သူလုံးဝမတွေ့မိခဲ့ပါချေ။

မဟုတ်မှလွဲရော...ဤဆိုင်ကရောင်းသောဝိုင်တွင် စိတ်ကြွဆေးပါဝင်နေခြင်းမျိုးများလား?

သို့နှင့် ချန်းကျင်းသည် ဝိုင်ပုလင်းကို သင်္ကာမကင်းဟန်ဖြင့် မ,ယူကာ အနီးသို့ဆွဲယူလျက် သေချာကြည့်ရန် ဟန်ပြင်မိ၏။ ထိုအချိန်မှာပင် လုထောင်က ဤသို့ ရုတ်တရက် ဆိုလေသည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now