၇၃

12.8K 1.8K 55
                                    

Unicode

ဟင့်အင်း ~ ဒါကို ဖောက်ပြန်တယ်လို့
သတ်မှတ်လို့ မရဘူး

မိမိတို့နှစ်ဦးသားသည်ကား ဤကာလအတောအတွင်း နည်းလမ်းမျိုးစုံသုံး၍ သာယာခဲ့ဖူးပြီး ဖြစ်သည့်တိုင် ချန်းကျင်းသည် တစ်ခါမျှ ယခုကဲ့သို့ ခင်ပွန်းဖြစ်သူဆီမှ တိုက်ရိုက် အလျက်မခံခဲ့ရဖူးပါပေ။ အကြောင်းမှာ သူကြည့်ပြီးသော ဂေးပွန်းများ၌ ဤကဲ့သို့ foreplay ပုံစံမျိုး မပါရှိခဲ့သောကြောင့်ပင်။ ထို့အပြင် ချန်းကျင်းအတွက်မူ ၎င်းအရာမျိုးအား သိရခြင်းမှာ ယခုအကြိမ်ကသာ ပထမဆုံးဖြစ်ရသေးလေ၏။

သူသည် ၎င်းအခြင်းအရာမျိုးကို စိတ်ရင်းဖြင့် ငြင်းဆန်နေခဲ့မိသည်။ ချောမောခန့်ညားသော ခင်ပွန်းဖြစ်သူက သူ၏ညစ်ညမ်းသော ကိုယ်ပိုင်တစ်နေရာအား လျက်ယူနေသည်မှာ တွေးကြည့်ရုံဖြင့်ပင် လွန်စွာမှ ရှက်ရွံ့ဖွယ်ကောင်းရသည် မဟုတ်ပါလား။

သို့သော် တစ်ပြိုင်နက်တည်းမှာပင် ၎င်းက အလွန်တရာမှ ခံစား၍လည်း ကောင်းနေပြန်သေးသည်။

ချောဆီသုတ်လိမ်းထားခြင်း မရှိသည့် အနောက်တစ်နေရာသည်ကား လျှာ၏လှုပ်ရှားမှုများအောက်၌ တဖြည်းဖြည်း နူးညံ့လာရကာ ချွဲကျိသော အရည်ကြည်အချို့ကိုလည်း အလိုအလျောက် စိမ့်ထွက်လာစေ၏။ ထို့နောက် လုထောင်၏လျှာဖျားက သူ၏အပေါက်အတွင်းသို့ မွှေရမ်းလာသောအခါ ချန်းကျင်းသည် မနေနိုင်ပါဘဲ ကြောက်လန့်တကြား အော်ဟစ်မိလေတော့သည်။

"အ..ဒါလင်! မလုပ်နဲ့..အဲ့ဒီထိ.."

ပူနွေးနွေး လျှာဖျားသည်ကား အတွင်းပိုင်းထဲသို့ တိုးဝင်လျက် အသားနံရံများကိုပါ အကြမ်းပတမ်း လျက်ယူလာခဲ့၍ ရေစများကိုပါ စုပ်လာခဲ့ပေ၏။ ချန်းကျင်း၏အလန့်တကြား အော်ဟစ်သံများမှာလည်း ငြုတုတု ညည်းညူသံများနှင့် တဖြည်းဖြည်း အစားထိုးခံလိုက်ရကာ မူလက တုံ့ပြန်ရန် ဟန်ပြင်ထားပါသည့် ရုန်းကန်မှုများမှာလည်း တစ်ဖက်မှလျှာဖျား၏လားရာအတိုင်း အလိုက်သင့် ယမ်းခါခြင်းအဖြစ်သို့ ပြောင်းလဲသွားရလေသည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now