၇၀

13.1K 1.8K 177
                                    

Unicode

ခင်ပွန်းဖြစ်သူ၌ စရိုက်ကွဲတစ်ခုရှိကြောင်း သိရှိခြင်း

ချန်းကျင်း၏လေသံသည်ကား အနည်းငယ် တုန်ရီနေကာ မျက်ဝန်းထောင့်စွန်းများမှာလည်း သနားချင့်စဖွယ်ကောင်းအောင် နီမြန်းနေသေးသည်။ သူ၏ပုံစံမှာ အတော်လေးကို စိတ်ထိခိုက်နေမှန်း သိသာလေ၏။

လုထောင်၏လည်ဇလုပ်သည် တစ်ချက်မျှ အထက်အောက်ရွေ့လျားသွားရသည့်တိုင် အဆုံးသတ် ထွက်ရှိလာသော သူ၏အသံကမူ ပုံမှန်နှင့်မတူဘဲ အနည်းငယ် တိုးလျလျ။

"ပြန်မရသေးပါဘူး.."

ချန်းကျင်းမှာ ၎င်းအဖြေကြားကြားချင်း တစ်ဒင်္ဂမျှ ကြောင်သွားမိ၏။ သို့သော် ထို့နောက် ချက်ချင်းပင် သူ၏မျက်ဝန်းများအတွင်း၌ ပျော်ရွှင်သော အရိပ်အယောင်များစွာက ဖြတ်ပြေးသွားခဲ့လေသည်။ တစ်ဖက်မှ လုထောင်သည်လည်း ၎င်းပြောင်းလဲမှုအား ကျိန်းသေပေါက် တွေ့လိုက်မိသည်ပင်။ ထိုအခါ လုထောင်သည် မသိစိတ်အလျောက် မျက်မှောင်ကြုတ်လိုက်မိ၍ တည်ငြိမ်စွာ စကားဆိုလာလေ၏။

"အဲ့ဒီတော့ မင်းက ကိုယ့်ကို မှတ်ဉာဏ်တွေ ပြန်မရစေချင်ဘူးပေါ့?"

သို့သော် ချန်းကျင်းက ၎င်းမေးခွန်းအား ပြန်မဖြေနိုင်သေးခင်မှာပင် တစ်ချိန်လုံး ငြိမ်နေခဲ့သော တစ်ဖက်မှ ခေါင်းဆောင်အန်းက ကြားဖြတ်စကားဆိုလာခဲ့ပေသည်။

"ဗိုလ်ချုပ် ၊ အမှုကိစ္စနဲ့ ပတ်သက်ပြီး သံသယကင်းဖို့အတွက် ကျေးဇူးပြုပြီး အခုအချိန်မှာ ဗိုလ်ချုပ်ကတော်နဲ့ စကားမပြောပါနဲ့။ မဟုတ်ရင် ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ်ကတော်ကို လုံခြုံရေးဌာနဆီ ခေါ်သွားရပါလိမ့်မယ်"

လုထောင်က ဘာမျှပြန်မချေပပါဘဲ မျက်မှောင်ကြုတ်မိချိန်တွင် တစ်ဖက်မှ ချန်းကျင်းက ကပျာကယာ စကားဆိုလာလေ၏။

"ကျွန်တော် ဘာမှထပ်မပြောတော့ဘူး။ ငြိမ်ငြိမ်လေးနေပေးမယ်။ လုံခြုံရေးဌာနဆီကိုလည်း မသွားဘူး!"

ချန်းကျင်းသည် ပြောရင်းဆိုရင်း မိမိနေရာမှာပင် ကျုံ့ကျုံ့ကလေး ထိုင်ကာ အသံတစ်စမှ မထွက်ပါဘဲ ငြိမ်နေမိ၏။ သူ့အနေဖြင့် အခြားသောဌာနများကို မရောက်ဖူးသည့်တိုင် ၎င်းနေရာများကို သွားမည့်အစား စစ်တပ်ဌာနချုပ်ကို သွားရသည်က သူ့အတွက် ပို၍ လုံခြုံလိမ့်မည်ဟု အလိုအလျောက် ခံစားမိသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ စစ်တပ်ဌာနချုပ်သည်ကား လုထောင်၏အလုပ်နေရာ ဖြစ်သည် မဟုတ်ပါလား။

Application For Divorce  [ 离婚申请 ] Where stories live. Discover now