၂၁

12.6K 1.8K 61
                                    

Unicode

သခင်လေးချန်း၏ယဲ့မင်ကျူး

" အစေခံ " ဟူသည်မှာ အင်ပါယာကမ္ဘာ၌ လွန်စွာမှ နိမ့်ကျသော အသုံးအနှုန်း တစ်ခုဖြစ်၏။ ထို့အပြင် ၎င်းမှာ အခေါ်အဝေါ် သက်သက်သာ ဖြစ်၍ တရားဝင် အလုပ်အကိုင်လည်း မဟုတ်ရပါပေ။

အင်ပါယာကမ္ဘာတွင်ကား အလုပ်အကိုင် တစ်ခုချင်းစီနှင့် ပတ်သက်၍ တင်းကြပ်သော ဥပဒေများစွာ ရှိလေသည်။ ဤကမ္ဘာ၌ တခြားလူများအတွက် အလုပ်လုပ်ပေးရသည့် အခန်းကဏ္ဍတွင် သူနာပြု၊ စားဖိုမှုး၊ ဥယာဉ်မှူး၊ အတွင်းရေးမှူး စသည်ဖြင့် နေရာအသီးသီးရှိသည့်တိုင် "အစေခံ" ဟူသော အလုပ်နေရာမှာမူ ရှိမနေခဲ့ပါချေ။

၎င်းစကားလုံးမှာ အတော်လေး သိက္ခာကျဖွယ်ဖြစ်၍ ပုံမှန်အားဖြင့် နှစ်ဦးသဘောတူမှသာ လက်ခံလို့ရသည်ပင်။ ထိုကဲ့သို့သော သဘောတူညီချက်မျိုးနှင့်ဆိုလျှင် အစိုးရ၏ဥပဒေများဖြင့် အပြည့်အဝ ဟန့်တားမရသည့်တိုင် သုံးရက်ထက်ပို၍ အသက်ဝင်ခွင့်မပြု ဟူသော အချိန်ကန့်သတ်ချက်တစ်ခုက ရှိနေဆဲဖြစ်သည်။

ချန်းကျင်းသည် လျန်ဝူ၏တောင်းဆိုချက်ကို ကြားသောအခါ အတန်ကြာမျှ ကြောင်သွားမိလေ၏။

"အ.အစေခံ!?"

လျန်ဝူက ပြုံးရင်း ပြန်ဖြေလာသည်။

"အင်းလေ အစေခံ"

သူသည် မျက်ခုံးများကို ပင့်တင်လျက် ထပ်ဆို၏။

"ဘာလဲ မလုပ်ချင်ဘူးလား! သဘောလေ မလုပ်ချင်လည်း မလုပ်နဲ့ပေါ့။ ဒါဆိုလည်း ဒီလောက်နဲ့ပြန်သွားပြီး လမ်းတစ်လျှောက်မှာ တခြားဘယ်နေရာကများ ဒီလိုသလင်းကျောက်မျိုးကို ဝယ်နိုင်မလဲလို့ စဉ်းစားကြည့်လိုက်နော်။ ဪ သတိပေးရဦးမယ် မင်းရဲ့တစ်သိန်းဆိုတဲ့ ပမာဏက လုံးဝ မလောက်ဘူး။ နောက်ပြီး ဒါက အကန့်အသတ်နဲ့ထုတ်ထားတဲ့ အမျိုးအစားလေ တခြားဘယ်သူကများ မင်းကို ကြည်ကြည်သာသာနဲ့ ရောင်းထုတ်ပေးမလဲ စိတ်ဝင်စားစရာပဲ။ ကဲ ဒါဆိုလည်း သေချာဂရုစိုက်ပြန်ပါဦး"

လျန်ဝူ၏စကားတို့က ချန်းကျင်း၏ အရှိုက်တည့်တည့်ကို ထိမှန်သည်။ ချန်းရွှီက မနက်ဖြန် သူ့ဆီ ထိုသလင်းကျောက်ကို ယူလာပေးမည်ဟု ဆိုသော်ငြား အစ်ကိုဖြစ်သူတွင် ယခုအချိန်၌ ငွေလည်း မလုံအလောက်မရှိသည့်အပြင် အာဏာလည်း ရှိမနေပါပေ။ ချန်းရွှီဟာ မည်ကဲ့သို့များ ယင်းကျောက်မျိုးကို လွယ်ကူစွာနှင့် ယူလာနိုင်ပါလိမ့်မည်နည်း။

Application For Divorce  [ 离婚申请 ] Where stories live. Discover now