၆၀ (side couple)

9.1K 1.2K 87
                                    

Unicode

မူရင်းစာရေးသူ၏အမှာစာ :

အစ်ကိုကြီးရဲ့အကြောင်းရေးတာက ထင်ထားတာထက်ပိုပြီး ရှည်နေပြီ။ စာဖတ်သူတွေ လန့်မသွားဖို့ မျှော်လင့်ရတာပဲ ဟဟား..

________________

First Time!!?

အင်ပါယာကမ္ဘာ၌ လိင်ဆက်ဆံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်မသင့်တော်သည်အထိ ပွင့်လင်းသည်မျိုး မဟုတ်ရသည့်တိုင် ရှေးရိုးဆန်ခြင်းမျိုးလည်း မဟုတ်ရပြန်ပါပေ။ လူကုန်ထံမိသားစုများနှင့် အခြားသော တည်ထောင်သူမျိုးနွယ်ဝင်များ၏ စစ်တမ်းကောက်ချက်အရ လူငယ်များသည် ပျမ်းမျှ အသက် ၂၄ နှစ် ဝန်းကျင်အထိသာ မိမိတို့၏စင်ကြယ်မှုအား ထိန်းထားနိုင်ခြင်း ဖြစ်လေသည်။ သို့သော် ၎င်းမှာလည်း လူဆယ်ယောက်၌ တစ်ယောက်မျှသာ ရှိတတ်သဖြင့် ချန်းရွှီက အတော်လေး အံ့ဩသွားမိခြင်းပါပင်။

သူ၏မျက်ဝန်းများအတွင်း၌ အံ့အားသင့်မှုတို့က အထင်းသား တည်ရှိနေဆဲ။ တစ်ဖက်မှ ရန်းချီကမူ သူ၏တုံ့ပြန်မှုကြောင့် အနည်းငယ် စိတ်ဆိုးသွားရလေသည်။

အစ်ကိုရွှီဟာ သူ့ရဲ့ဖြူစင်မှုကို ဘာကြောင့်များ ဤမျှအထိ သင်္ကာမကင်း ဖြစ်နေရပါသနည်း!?

"ကျွန်တော်က အစ်ကို့လို ဘာမဆို လုပ်နိုင်တဲ့လူမျိုးမှ မဟုတ်တာ။ မဖြစ်မနေ စမ်းကြည့်ဖို့ လိုအပ်လို့လား!? အမြဲတမ်း ကျွန်တော် လုပ်ချင်နေတဲ့လူက အစ်ကိုတစ်ယောက်တည်းပဲလေ!"

စိတ်ဆိုးမာန်ဆိုးဖြင့် အော်ပြောလိုက်သောကြောင့် ရန်းချီ၏အသံမှာ တစ်ခန်းလုံးဟိန်းသည်အထိ ကျယ်လောင်လျက်။ သို့သော် သူ၏အသံမှာ တစ်နည်းတစ်ဖုံအားဖြင့် ရှက်ရွံ့သော အငွေ့အသက်တို့လည်း စွန်းထင်းနေပြန်သေးသည်။ မည်သို့ပင်ဆိုစေကာမူ ချန်းရွှီသည် တစ်ဖက်လူအား လှောင်ရယ်ခြင်း မပြုခဲ့ပါပေ။ ထိုအစား သူသည် ရန်းချီက ထပ်၍ စိတ်ဆိုးလာမည်စိုးသောကြောင့် အချိန်ဆွဲမနေပါဘဲ သူ၏ခေါင်းအား ငုံ့လိုက်ကာ တစ်ဖက်မှ ပစ္စည်း၏မျက်နှာပြင်သို့ အနည်းငယ်မျှ လျက်လာခဲ့ပေ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now