၃၁

12.7K 1.7K 61
                                    

Unicode

Orange Blossom ပါတီပွဲ

ယွိမိသားစုသည်ကား အင်ပါယာကမ္ဘာ၏ အရှေ့တောင်ဘက်ပိုင်းတွင် နေထိုင်ခြင်းဖြစ်၍ အကြီးမားဆုံးသော ပင်လယ်ကမ်းရိုးတန်းကိုလည်း မျက်နှာမူထားသေးပေ၏။ ထို့အပြင် ၎င်းမိသားစုသည် ထိပ်တန်း တည်ထောင်သူမျိုးနွယ် ၁၀ စုထဲမှ တစ်ခုအပါအဝင်ဖြစ်၍ အကျော်ကြားဆုံးနှင့် ဩဇာအညောင်းဆုံးလည်း ဖြစ်သေးသည်။ ရန်းမိသားစုနှင့် ရိုင်ဂျယ်မိသားစုများကဲ့သို့ မဟုတ်ပါဘဲ ယွိမိသားစုတွင်ကား ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အခြားဗိုလ်ချုပ် ၂ ဦး ရှိသည့်အပြင် သူတို့၏ မိသားစုခေါင်းဆောင် စီကွေးမှာလည်း ဥပဒေရေးရာဌာန၌ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး၏။

ဤအကြိမ် Orange Blossom ပါတီပွဲအား ဦးဆောင်ကျင်းပသူမှာလည်း ယွိစီကွေးပင် ဖြစ်သည်ပင်။ အတိတ်အခါက ချန်းကျင်းသည် လှပ၍လေးစားဖွယ်ကောင်းသော မိသားစုခေါင်းဆောင်ဖြစ်သူ အဖွားအိုနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ရဖူး၏။ သူမသည်ကား ဥပဒေရေးရာဌာနမှ ခက်ထန်တတ်သော ဝန်ကြီးနှင့် လားလားမျှမတူပါဘဲ ထိုအစား အမျိုးသမီးရေးရာဌာနမှ စိတ်ထားကောင်းသော ခေါင်းဆောင်တစ်ဦးနှင့် ပို၍ တူနေသေးလေသည်။

Orange Blossom ပါတီပွဲ၌ လူငယ် အမျိုးသား အမျိုးသမီးအားလုံးကို ဖိတ်ကြားလေ့ရှိ၍ ၎င်းပါတီပွဲမှာ လူငယ်အချင်းချင်း ရင်းနှီးမှုတိုးပွား လာစေရန် ရည်ညွှန်းသော နေရာတစ်ခု ဖြစ်သည်သာမက အောင်သွယ်ပေးရာ ပေါင်းကူးတံတားလည်း ဖြစ်သေး၏။ မူရင်းရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေကာမူ ပြိုင်ပွဲများမှ ချီးမြှင့်သော ဆုပစ္စည်းများသည်ကား အထူးတန်ဖိုးကြီးလှသည် ဖြစ်သောကြောင့် ၎င်းပါတီပွဲမှာ အချိန်နှင့်အမျှ လူချမ်းသာ အတန်းအစားများအတွက် ယှဉ်ပြိုင်ကစားရာ သုခဘုံတစ်ခုသာ ပြောင်းလဲ ဖြစ်လာရပေတော့သည်။

ထို့အပြင် ၎င်းပါတီပွဲအတွင်း၌ တက်ရောက်သူအားလုံး၏ ပုံရိပ်များမှာ နောက်နေ့သတင်းစာနှင့် အင်တာနက်စာမျက်နှာပေါ်တွင် ဖော်ပြခံရလေ့ရှိသဖြင့် သခင်လေး သခင်မလေးများသည် မိမိကိုယ်ကို အလှပဆုံးနှင့် အတောက်ပြောင်ဆုံးဖြစ်အောင် ဆင်ယင်လေ့ရှိကြ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now