၅၃

14.5K 1.7K 120
                                    

Unicode

မူရင်းစာရေးသူ၏အမှာစာ :

နောက်လာမယ့် အခန်းအချို့က side couple ရဲ့အကြောင်းတွေပါ။ တကယ်တော့ အဲ့ဒီအကြောင်းကို ဇာတ်လမ်းပြီးမှ သက်သက်ရေးမလို့ပဲ ဒါပေမဲ့ သူတို့နောက်ကြောင်းကလည်း သိထားမှ အဆင်ပြေမှာမို့ ကြားဖြတ်ရေးလိုက်တော့မယ်။

အဲ့ဒီတော့ တခြားအတွဲအတွက် အခန်းတွေကို (အစ်ကို) ဆိုတဲ့ ခေါင်းစဉ်အသေးလေးတစ်ခုနဲ့ သတ်မှတ်ထားပေးမှာဖြစ်တဲ့အတွက် side couple အကြောင်းကို မဖတ်ချင်တဲ့သူတွေအနေနဲ့ ကျော်သွားလို့ရပါတယ်..

TN: ကိုယ်ကတော့ (အစ်ကို) လို့မမှတ်တော့ဘူး။ အဲ့ဒီအစား (side couple)လို့ပဲ မှတ်ပေးထားတော့မယ်

______________

ရန်းချီက ကိုကြီးကို အနိုင်ကျင့်နေမှာမျိုးလား!?

မူလစရိုက်သို့ ဒုတိယအကြိမ် ပြောင်းလဲသွားသည့် ကာလသည်ကား ဇနီးဖြစ်သူလေးနှင့်အတူ ခမည်းခမက်ဆီသို့ သွားရောက်လည်ပတ်သော အချိန်၌ ဖြစ်ရသည်။

လူနာဆောင်ဘက်သို့ ရောက်ခါနီးနေသည့်အခါမှ ရုတ်တရက် လုထောင်မှာ မိုက်ခနဲ သတိလက်လွတ်ဖြစ်သွားရ၍ ဟန်ချက်ပျက်သွားရခြင်း ဖြစ်လေ၏။ အနားမှ ချန်းကျင်းကသာ သူ့အား တွဲကူပေးမထားပါလျှင် သူသည် သေချာပေါက် သမံတလင်းပေါ်သို့ လဲကျသွားလိမ့်မည်ပင်။ သို့သော် သူ၏မူမမှန်မှုမှာ ဆယ်စက္ကန့်မျှသာ ကြာမြင့်ခဲ့ပေ၏။ ၎င်းနောက် သူသည် ပုံမှန်အတိုင်း အဆင်ပြေပြေနှင့် မတ်မတ်ရပ်နိုင်လာလေပြီ။

ချန်းကျင်းက သူ့အား စိုးရိမ်တကြီး ကြည့်လာရင်း မေးသည်။

"ဒါလင် ဘာဖြစ်လို့လဲ။ တစ်နေရာရာက နေမကောင်းလို့လား"

သူတို့နှစ်ယောက်၏ လက်အစုံသည်ကား တွယ်ကပ်နေဆဲဖြစ်၍ အချင်းချင်းကြား သံသယဖြစ်ဖွယ်ကောင်းသည့် ငြင်းဆန်မှုမျိုးလည်း ရှိမနေခဲ့ပါပေ။

လုထောင်က ချန်းကျင်းအား နှစ်စက္ကန့်မျှ ငြိမ်သက်စွာ ကြည့်မိပြီးနောက် တိုးဖွဖွ ဆိုသည်။

"ဘာမှမဖြစ်ပါဘူး"

"တကယ် ဘာမှမဖြစ်တာပါနော်?"

Application For Divorce  [ 离婚申请 ] Where stories live. Discover now