Extra 2

20K 1.6K 127
                                    

Unicode

ရပ်ခြားဒေသမှ ဖွဲ့ဖြိုးဆဲ အခြေအနေ

ယနေ့သည်ကား ချန်းရွှီနှင့် သူ၏လုပ်ဖော်ကိုင်ဖက်အတွက် လွန်စွာမှ အလုပ်များရသော နေ့တစ်နေ့ ဖြစ်ပေ၏။ သူတို့အနေဖြင့် အနာဂတ်တွင် ခရီးသွားများ လည်ပတ်ရာ သုခဘုံအဖြစ် စီစဉ်ထားသော မြေပြင်ဧရိယာထံသို့ သွားရောက် ကြည့်ရှုကာ စစ်ဆေးရမည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ရာသီဥတုက အပြင်သို့ လမ်းထွက်လျှောက်လိုက်သည်နှင့် တစ်ကိုယ်လုံး အေးခဲသွားရမည်အထိ အေးစက်လှပြန်ရာ ထိုအခါမျိုးတွင် အနီးအနားမှ လူနေအိမ်အချို့သို့ဝင်ရောက်၍ လက်ဖက်ရည်ပူပူတစ်ခွက် သောက်လိုက်မှသာ အနည်းငယ် သက်သာရာရပေလိမ့်မည်။

သူ၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူ လျိုက ဆွဲလက်စ ပုံကြမ်းများအား စားပွဲခုံထက်တွင် ဖြန့်ချလျက် ဘောပင်တစ်ချောင်းနှင့် ရှာဖွေတွေ့ရှိထားသမျှ အချက်အလက်တိုင်းကို အသေးစိတ် ရေးမှတ်နေ၏။

လျိုသည်ကား အသက် ၃၀ မျှရှိသည့် လူလတ်ပိုင်း တစ်ဦးဖြစ်ကာ သန့်ပြန့်သည့်အသွင်ရှိ၍ သစ်သားကိုင်း မျက်မှန်တစ်ခုကို တပ်ဆင်ထားလေ့ရှိသည်။ ဦးထုပ်အား ကပျာကယာနှင့် ချွတ်ထားသည် ဖြစ်သောကြောင့် သူ၏ဆံပင်များမှာ ရှုပ်ပွနေ၍ ဆံနွယ်အဖျားများကမူ အနည်းငယ် စိုစွတ်နေသေး၏။ လျိုက စကားဆိုလေသည်။

"ရေပူစမ်းအပန်းဖြေစခန်းက စုစုပေါင်း ၃၂၀ ဧက ရှိပြီး အနာဂတ်မှာလည်း အခန်းအရေအတွက်ကို တိုးချဲ့ဖို့ စီစဉ်ထားသေးတယ်။ သဘာဝရေပူစမ်း အခု ၇၀ ရဲ့ တည်နေရာအကုန်လုံးကလည်း အဆင်ပြေပါတယ်။ ဟိုတယ်ဆောက်ဖို့ နေရာလောက်တယ်"

ချန်းရွှီ : "မင်းအနေနဲ့ အချောသတ်ဖို့အတွက် ပရော်ဖက်ရှင်နယ် ဒီဇိုင်နာတစ်ယောက် ရှာမှဖြစ်မယ်။ ဒါပေမဲ့ ဒီကမ္ဘာမှာက ဒါအတွက် သင့်တော်တဲ့လူရှိပါ့မလား မပြောတတ်ဘူး"

လျိုက ခေါင်းအသာအယာယမ်းပြရင်း ဆိုလေ၏။

"ကျွန်တော်တို့ကမ္ဘာမှာက ဒီဇိုင်းမေဂျာအတွက် သီးသန့်အထူးပြုတဲ့ တက္ကသိုလ်မရှိဘူးလေ။ တခြားကမ္ဘာတွေဆီ သွားပြီး ကျောင်းတက်တဲ့ တချို့ကျောင်းသားတွေလည်း ရှိပေမဲ့ အားလုံးနီးပါးက ရပ်ခြားဒေသတွေမှာပဲ အလုပ်လုပ်ဖို့ ရွေးချယ်ကြတော့ ဒီမှာ အဲ့ဒီလိုလူ ရှိမှာမဟုတ်ဘူး"

Application For Divorce  [ 离婚申请 ] Where stories live. Discover now