၅၆ (side couple)

8.9K 1.3K 74
                                    

Unicode

ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုသို့ ဇာတ်လမ်းရိုက်ကူးရန် သွားရောက်ခြင်း(တတိယအပိုင်း)

ရိုက်ကူးရေးအကြောင်းရာသည်ကား ရိုးရှင်းလှ၏။ ၎င်းမှာ စကားပြောခန်းမပါဘဲ sex လုပ်ခြင်းအကြောင်းအရာများသာ ဖြစ်ရသည်ပင်။

ချန်းရွှီကမူ ရိုက်ကူးရေးအတွက် ပြင်ဆင်စရာရှိသည်များကို စတင်ပြင်ဆင်ရလေပြီ။ ဦးစွာအနေဖြင့် stylist တစ်ယောက်က သူ့အား ဆံပင်ပုံစံအသစ် ညှပ်ပေး၏။ ထို့နောက်တွင် ထိုလူသည် သူ့ကို ရေချိုးဝတ်ရုံတစ်စုံ ပေးလာ၍ သီးသန့်ရေချိုးခန်းအတွင်း၌ ရေချိုးပေးရန် ညွှန်ကြားလာသည်။ အမှန်အတိုင်းဆိုရလျှင် သူ၏အနား၌ stylist တင်မဟုတ်ပါဘဲ အခြားသော အကူဝန်ထမ်းများကလည်း တစ်ယောက်စ နှစ်ယောက်စ ရှိနေသေး၏။ သို့သော် ချန်းရွှီကမူ မိမိဘာသာ တစ်ယောက်တည်း သန့်ရှင်းရေးလုပ်နိုင်သည်ဟုဆိုကာ ငြင်းပယ်လိုက်မိသည်ပင်။

သူ၏ငြင်းဆန်မှုအား တစ်ဖက်မှ ရိုက်ကူးရေးတာဝန်ခံက ကြားမိသောအခါ စိတ်ခုဟန်မပေါ်ပါဘဲ ထိုအစား ၎င်းတာဝန်ခံက တည်ငြိမ်စွာဖြင့် ရှင်းပြလာခဲ့လေ၏။

"ခင်ဗျားက လူသစ်ဆိုတော့ ရေချိုးပြီးတဲ့နောက်ပိုင်း ထပ်ပြီး သန့်ရှင်းရေးလုပ်ပေးဖို့ ဝန်ထမ်းတစ်ယောက် လွှတ်ပေးပါ့မယ်။ အဲ့ဒီနေရာက သေချာ အသေးစိတ်သန့်ရှင်းပေးမှ ဖြစ်မှာမို့ မလုပ်လို့မရပါဘူး။ မဟုတ်ရင် ရိုက်ကူးရေးလုပ်တဲ့အခါ မျက်နှာပူစရာ ဖြစ်နေလိမ့်မယ်"

ချန်းရွှီ၏ မျက်နှာထားမှာ အလိုမကျမှုတို့နှင့် ပြည့်နှက်လျက်။ သို့သော် သူက ရေချိုးဝတ်ရုံအား ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်၍ ကပျာကယာ ခေါင်းငြိမ့်ပြလာခဲ့လေသည်။

"ကောင်းပါပြီ"

ဒီအခြေအနေအထိတောင် ရောက်ပြီးနေပြီပဲ။ ဘာတွေ ဇီဇာကြောင်နေဦးမှာလဲ!!?

ရေချိုးခန်းသည်ကား ကြီးမားကျယ်ပြန့်ကာ ခမ်းနား၏။ ထို့အပြင် ၎င်းအတွင်း၌ ကိုယ်လုံးပေါ် မှန်ကြီးတစ်ချပ်ကလည်း တည်ရှိနေသေးလေရာ ချန်းရွှီ၏ကိုယ်ခန္ဓာ အစိတ်အပိုင်းအားလုံးမှာ ထိုမှန်ထက်၌ အထင်းသား ထင်ဟပ်လျက်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now