၈၃

13.2K 2K 139
                                    

Unicode

မူလ လားရာအား ပြောင်းလဲခြင်း

"နံပါတ် ၆ ကမ္ဘာကို သွားချင်တယ်"

ချန်းရွှီက သူ့အကြံနှင့်သူ လျင်မြန်စွာ ပြန်ဖြေလာ၏။ ထို့နောက် သူက ဆက်ဆိုသည်။

"ဒါပေမဲ့ မသွားခင် ကားပေါ်က ကျန်တဲ့လူတွေကို ကယ်ဖို့ရော နည်းလမ်းမရှိတော့ဘူးလား?"

"အဲ့ဒါကို အစ်ကိုတို့စစ်တပ်က တာဝန်ယူလိမ့်မယ်လေ"

ကိုင်မီရားလေးသည် သူတို့သုံးယောက်စလုံး ရှိရာနေရာဆီမှ အဝတ်အထည်တစ်ခုကို ဆွဲယူလိုက်၍ ၎င်းအား သူ့ကိုယ်ပေါ်၌ ဝတ်ဆင်လာခဲ့သည်။

"မြင်တဲ့အတိုင်းပဲ ကျွန်တော့်ရဲ့ယာဉ်ငယ်လေးက လူသုံးယောက်ပဲ ဆန့်တာ။ အခုဆို ကျွန်တော်တောင် ထိုင်ဖို့နေရာ မရှိတော့ဘူး"

ထိုအခါ ချန်းကျင်းက ကပျာကယာ ဆို၏။

"ငါ့ပေါင်ပေါ်မှာ လာထိုင်လို့ရတာပဲ"

ချန်းကျင်းက ဤသို့ဆိုသောအခါ တစ်ဖက်မှ ကိုင်မီရားလေးသည်လည်း အားနာဟန်ပင်မပြပါဘဲ ချက်ချင်း သူ့ပေါင်ခွင်ထက်သို့ တက်ထိုင်လိုက်လေသည်။ ထို့နောက် ၎င်းက ခေါင်းကို မော့လျက် ချန်းကျင်းကို ပြုံးပြလာ၏။

"ငါ့နာမည်က ထာထာ"

ချန်းကျင်းကလည်း သူ့နည်းတူ ပြုံးလျက် စကားပြန်ဆိုသည်။

"ငါတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ထာထာ"

ထိုအခါ ဘေးနားမှ ချန်းရွှီနှင့်ချန်းကျန်းတို့သည်လည်း ထာထာ့ကို ကျေးဇူးတင်စကား ဆိုလာကြလေသည်။ ၎င်းနောက် ချန်းကျန်းက ဤကဲ့သို့ အမေးဆို၏။

"မင်းက ဘာလို့ ကားထဲမှာ ရှိနေတာလဲ။ မဟုတ်မှလွဲရော အမြဲတမ်း ဒီကားထဲမှာ ရှိနေတာမျိုးလား။ နောက်ပြီး ခုနက ဦးလေးတို့တက်ခဲ့တဲ့ ထွက်ပေါက်ကရော ဘယ်လိုမျိုးလဲ? ပြီးတော့ အခု ထိုင်နေတဲ့ ဒီနေရာကရော ဘယ်လိုနေရာလဲ?"

ချန်းကျန်းထံ၌ ဤကဲ့သို့ မေးခွန်းအများအပြား ရှိနေခြင်းမှာ အထူးအဆန်းတော့ မဟုတ်ရပါချေ။ မည်သို့ပင်ဆိုစေကာမူ ဖြစ်ပျက်သမျှ ကိစ္စတိုင်းသည်ကား အိပ်မက်တစ်ခုနှယ် ထူးဆန်းလွန်းလှသည် မဟုတ်ရပါလား။ ထာထာက ဘေးဘက်နံရံပျော့ပျော့ထံမှ ဒြပ်ထည် ဘုတ်ပြားလေးတစ်ခုအား ဆွဲယူလိုက်၍ ပြန်ဖြေလာ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now